Home
မြန်မာသတင်း
ဂွမြို့အနီးဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်
DVB
·
June 2, 2022

ရခိုင်ပြည်နယ်၊ ဂွမြို့ရဲ့  အနောက်တောင်ဘက် ၁၆ မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၄  အဆင့်ရှိ အင်အားအသင့်အတင့်ရှိမြေငလျင်ဟာ ဇွန် ၁ရက်  ည ၁၁ နာရီ ၁၃ မိနစ်လောက်မှာ ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တာလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်၊  ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ သိရှိ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့ခံတဦးက “သိမ့်ခနဲ ၃ ချက်လောက် ဖြစ်သွားတာ။ အပျက်အစီးအထိခိုက်တော့ လောလောဆယ်မရှိသေးဘူး။ မနက်မှ သိရမယ်။  လှုပ်တာတော့ တော်တော်ကြမ်းတယ် အားလုံးဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်”' လို့ ပြောပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးထိခိုက်မှုရှိတဲ့ သတင်းတွေကတော့ မရရှိသေပါဘူး။ မြေငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်တက်တဲ့ ဆူနာမီလှိုင်းတက်လာတာမျိုးတော့ မရှိသေးဘူးလို့ ချောင်းသာကမ်းခြေဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024