DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် Woozy Bar ဗုံးခွဲ သတိပေးခံရ
DVB
·
May 31, 2022
မော်လမြိုင် Woozy Bar ဗုံးခွဲ သတိပေးခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းထဲက Woozy Bar မှာ မေ ၃၀ ရက် ည ၁၀ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

အဲဒီ Woozy Bar ဟာ တော်လှန်ရေးကို မျက်ကွယ်ပြုတာနဲ့ ပြည်သူတွေ တိုင်ကြားမှုများလာတဲ့အတွက်ကြောင့် သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲရတာလို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Woozy Bar ဗုံးဖောက်ခွဲ သတိပေးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးသွားသလို မြို့အဝင်အထွက်ဂိတ်တွေမှာလည်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Woozy Bar ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပေမယ့် အဆောက်အဦးနဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း မော်လမြိုင်မြို့ ကမ်းနားလမ်း၊ ရာမညစင်တာရှိ Glow Bar ကို မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသံဗုံး ဖောက်ခွဲ သတိပေးခဲ့ပါတယ်။

မော်လမြိုင်မြို့ဟာ စစ်တပ် အာဏာသိမ်းစဉ်က သိန်းနဲ့ချီတဲ့ ပြည်သူတွေ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်အတွင်းမှာတော့ ဆန္ဒထုတ်ဖော်မှု လုံးဝ ရပ်နားသွားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013