DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းတွင် စစ်တပ်ကကားဖြင့်တိုက်ပြီး ကျောင်းသား ၅ ဦးထက်မနည်းကို ဖမ်းဆီး
DVB
·
May 31, 2022
သင်္ဃန်းကျွန်းတွင် စစ်တပ်ကကားဖြင့်တိုက်ပြီး ကျောင်းသား ၅ ဦးထက်မနည်းကို ဖမ်းဆီး
1 / 4
Donate to DVB

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ မေ ၃၀ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက “ခွေးပါးစပ်ထဲက တိုင်းပြည်ကို ရအောင်ပြန်ယူမယ်ဆိုတဲ့ စာသားပါ ပိုစတာကိုင်ဆွဲပြီး ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေ ဆန္ဒပြချိန်မှာ စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနဲ့နောက်ကဝင်တိုက်ဖမ်းဆီးခဲ့လို့ ကျောင်းသား ၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အတည်ပြုလို့ရသလောက် အနည်းဆုံး ၅ ယောက်လောက်ပါသွားပြီး ဘယ်သူတွေ ပါသွားတယ်ဆိုတာတော့ မသိရသေးဘူးလို့ဆိုပါတယ်။

သပိတ်စစ်ကြောင်းကို အိမ်စီးကားနဲ့ နောက်ကဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ ကျောင်းသားတွေကို ဘယ်နေရာကိုဖမ်းဆီးသွားတယ်ဆိုတာ ခုထိ မသိရသေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီ တပ်သားတွေက ကားနဲ့တိုက် ဖမ်းဆီးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013