Home
မြန်မာသတင်း
ယင်းမာပင်၊ လည်ငေါက်ရွာကို စစ်တပ်က မီးရှို့ပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူ ၄ ဦးသေဆုံး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
DVB
·
May 31, 2022
Yin Mar Bin fired by SAC 1
Yin Mar Bin fired by SAC 2
Yin Mar Bin fired by SAC 3
Yin Mar Bin fired by SAC 4
Yin Mar Bin fired by SAC 5
Yin Mar Bin fired by SAC 6
Yin Mar Bin fired by SAC 7
Yin Mar Bin fired by SAC 8
Yin Mar Bin fired by SAC 9
Yin Mar Bin fired by SAC 10
Yin Mar Bin fired by SAC 11
Yin Mar Bin fired by SAC 12

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို  စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို စစ်တပ်ရဲ့  ပစ်ခတ်မှုကြောင့် ကျေးရွာသူ  အမျိုးသမီး  နှစ်ယောက်  ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ  သေဆုံးရုပ်အလောင်း ၄ လောင်းလည်း တွေ့ရှိခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာသူအမျိုးသမီး နှစ်ယောက်ဟာ မေလ ၂၉ ရက်က ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်ခဲ့စဥ် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး အမျိုးသမီး ၂ ယောက်ဟာ လက်မောင်း ထိမှန်ဒဏ်ရာနဲ့ ဆီးခုံထိမှန်ဒဏ်ရာတို့ အသီးသီးရရှိခဲ့ကာ တယောက်ကတော့  အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေ  မေ ၂၇ ရက်က စတင်ဝင်ရောက် တပ်စွဲနေထိုင်ခဲ့တာဖြစ်ပြီး မေ ၃၀ ရက်နေ့မှာတော့ လည်ငေါက်ကျေးရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်းက ထွက်ခွာသွားပြီးနောက် ရွာသားတွေ ကျေးရွာအတွင်းကို ပြန်လည်ဝင်ရောက်ကြည့်ရှုရာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား တယောက်ရဲ့ အလောင်းနဲ့  မီးရှို့ခံထားရတဲ့နေအိမ် ၂ လုံးအတွင်းက ကြေနန်းကြိုးတွေနဲ့ တုပ်နှောင်ခံထားရပြီး မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၃ လောင်းတို့ကို ထပ်မံတွေ့ရှိခဲ့ရကာ သေဆုံးရုပ်အလောင်းတွေဟာ  ဘယ်သူဘယ်ဝါဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လည်ငေါက်ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့နေအိမ်တွေကို  မေ ၂၉ ရက်က ၂ ကြိမ်တိုင် ထပ်မံမီးရှို့ခဲ့ကြတာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ပြီလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေစေတီဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ကား ၂ စီး နဲ့ရွှေဆံပင်ဘုန်းတော်ကြီးကျောင်းမှ ကားကြီး ၁ စီးတို့ကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြသလို ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ အလုံး ၅၀ လောက်ကို  မီးရှို့ခဲ့ထားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တချို့လည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ခံရသလို  မေ ၂၈ ရက်ကလည်း ၂ ကြိမ်တိုင်အောင် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြတာကြောင် အခုအကြိမ်နဲ့ဆို အနည်းဆုံး ၅ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ မေ ၂၉ ရက်က ဖုန်းလိုင်းတွေ လုံးဝဖြတ်တောက်ခံရပြီး ညနေပိုင်း နာရီအနည်းငယ်ဖုန်းလိုင်းပြန်ပွင့်ပေမဲ့ ထပ်မံဖုန်းလိုင်း ဖြတ်တောက်ခံခဲ့ရကာ မေ ၃၀ ရက် ညနေ ၃ နာရီခွဲဝန်းကျင်လောက်မှ ဖုန်းလိုင်းပြန်ရပေမဲ့ ဖုန်းဆက်သွယ်ရေးမှာတော့ အဆင်မပြေဖြစ်နေဆဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024