DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည့် ခူမီးလူငယ် ၁ ဦး အကူအညီလိုအပ်နေ
DVB
·
May 30, 2022
ပလက်ဝတွင် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည့် ခူမီးလူငယ် ၁ ဦး အကူအညီလိုအပ်နေ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငချားကျေးရွာမှ ခူမီးတိုင်းရင်းသား လူငယ်တယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တဖက် ဖြတ်လိုက်ရပြီး  စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရာမှာ အကူအညီလိုအပ်နေတယ်လို့ မိသားစုထံက  သိရပါတယ်။

လူနာနဲ့အတူ စစ်တွေဆေးရုံကြီးမှာ ရောက်ရှိနေတဲ့ အဒေါ်ဖြစ်သူ ဒေါ်ပေကိုက"လူနာရဲ့ ညာဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်ဘက်ခြေချင်းဝတ်က ဒဏ်ရာတွေကလည်း စိုးရိမ်စရာပါ။ ခါးအောက်ပိုင်းတခုလုံး ဒဏ်ရာတွေကလည်း အများကြီးပါ။ လက်ရှိအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီတာမရှိသေးဘူး။ အကူအညီက လိုအပ်နေပါတယ်"လို့ ပြောပါတယ်။

အသက်၂၀ အရွယ် ခူမီးလူမျိုး  ကိုအောင်အောင်ဦးဟာ မေလ ၂၉ ရက် ညနေပိုင်း ၃ နာရီလောက်က  မီးကျောင်းတောင်မှာ တောင်ယာခုတ်ပြီး နေအိမ်သို့ ပြန်လာရာမှာ မြေမြှုပ်မိုင်း နင်းမိလို့ ညာဘက်ခြေချင်းဝတ်အောက် ပြတ်ဒဏ်ရာရရှိကာ ခြေထောက်ဖြတ်လိုက်ရတာပါ။

ဒဏ်ရာပြင်းထန်ရလာတဲ့ သူ့ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စက်လှေနဲ့ ကျောက်တော်သို့ သယ်ဆောင်လာပြီး ကျောက်တော်ကတဆင့်  စစ်တွေသို့ ဖြူစင်မေတ္တာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲတွေမှာ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ စစ်တွေ ဒေသခံတယောက်က "ဒီလိုကျည်ထိ၊ မိုင်းထိသူတွေကို အများအားဖြင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRCက ကူညီထောက်ပံ့ရတာ။ မောင်တောမှာ ဒီနေ့ ဓားပြတိုက်ခံရသူကို ICRC က တာဝန်ရှိတွေ လာတွေ့တယ်။ ဆေးကုသလို့ ကုန်ကျမှုအပြင် စားသောက်ရေးပါ။ အားလုံးသူတို့ တာဝန်ယူတယ်လို့ သိရတယ်။ အခုလို ခြေထောက်ဖြတ်လိုက်ရတဲ့ လူနာကျတော့ လာရောက်စာရင်း ရယူဖို့ လာကြည့်တာတောင် မရှိတာကတော့ နည်းနည်းလိုအပ်ချက်တွေရှိနေတယ်"လို့ ပြောပါတယ်။

လက်ရှိ စစ်တွေဆေးရုံသို့ လူနာစောင့်တွေအဖြစ်   ကိုအောင်အောင်ဦးရဲ့ မိခင်အပါအဝင်လူနာစောင့် ၃ ယောက် လိုက်ပါလာကြပြီး စားသောက်ရေးနဲ့ ဆေးကုသရေးအတွက် အကူအညီလိုအပ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013