DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်တွင် ဓားပြမှုဖြစ်ပွားပြီး အမျိုးသား ၁ ဦး သေနတ်ကျည် ထိမှန်ဒဏ်ရာရ
DVB
·
May 30, 2022
မောင်တောမြို့နယ်တွင် ဓားပြမှုဖြစ်ပွားပြီး   အမျိုးသား ၁ ဦး သေနတ်ကျည် ထိမှန်ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊  ဦးရှဉ့်ဂျကျေးရွာရှိ နေအိမ် တအိမ်မှာ မေ ၃၀ ရက် မနက် ၁ နာရီလောက်က ဓားပြတိုက်ခံရပြီး အိမ်ရှင်ဖြစ်သူ သေနတ်ကျဥ်ထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရလို့ မောင်တောဆေးရုံမှာ  ဆေးကုသမူခံယူနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဓားပြတွေရဲ့ သေနတ်ပစ်ခံရတာကြောင့်  ဦးရှဉ့်ဂျကျေးရွာ အမှတ် (၅) ရပ်ကွက်နေ အသက် ၅၈နှစ် အရွယ် ဦးနုရ်အာလောမ်(ဘ)ရော်ရှိတ်အာမတ် ညာဘက်ခြေ သေနတ်ကျည် တချက်ထိမှန် ဒဏ်ရာနဲ့ ဦးခေါင်းကွဲဒဏ်ရာတွေရခဲ့ကာ  ဖုန်းတချို့၊ ငွေသားတချို့နဲ့ ရွှေထည်တချို့ကို ဓားပြတွေက ယူဆောင်သွားပါတယ်။

ဓားပြတိုက်ခံရတဲ့ ဦးနုရ်အာလောမ်ရဲ့ သားဖြစ်သူက "ဒီနေ့ မနက်အရုဏ်မှာ ကျနော်တို့ နေအိမ်ကို ဓားပြ ၈ ယောက် အိမ်တံခါးကို ရိုက်ချိုးပြီး ဝင်လာကြတယ်တယ်။ ကျန် ၄ ယောက်က  အိမ်ခြံဝင်းမှာ အစောင့်ချထားကြတယ်။ ကျနော့်အဖေကို သေနတ်နဲ့ သုံးချက်ပစ်တာ တချက် ညာဘက်ခြေထောက်မှာ ထိမှန်သွားပြီး ဆေးရုံ တင်ထားရတယ်။ အိမ်က ဖုန်းတွေ၊ ရွှေထည်တချို့နဲ့ ငွေသားတချို့ ယူသွားကြတယ်"လို့ ပြောပါတယ်။

ဓားပြတိုက်သူသွားသူတစ်ဦးကို မှတ်မိတဲ့အကြောင်းနဲ့ မူးယစ်ဆေးဝါး လုပ်ကိုင်သူဖြစ်ကာ  ARSA အဖွဲ့နဲ့လည်း ဆက်သွယ်မှုရှိသူဖြစ်တယ်လို့  ကာယကံရှင် ဦးနုရ်အာလောမ်က ပြောပါတယ်။

"သူတို့က ဗမာစကားနဲ့ အိမ်တံခါးကို ဖွင့်ဖို့ ပြောတယ်။ သေချာနားထောင်လိုက်တော ကျနော်တို့ လူမျိုးက ဗမာစကားပြောနေတာကို မှတ်ရတယ်။ တံခါးမဖွင့်ဘူးလို့ ပြောတော့ တံခါးကို ရိုက်ချိုးပြီး လူ ၈ ဦး ဝင်လာကြတယ်။ ကျနော် မှတ်မိတာက တစ်ရွာတည်းသား ဖာရူဆိုသူကို မှတ်မိတယ်။ ကျနော့်ကို သေနတ်နဲ့လည်း ပစ်တယ်။ ဦးခေါင်းကို ရိုက်ခွဲလို့ သတိမေ့သွားခဲ့တယ်။"

ဓားပြတိုက်သူတွေထဲက တယောက်က  အသက် ၃၅ နှစ်အရွယ် ဖာရူး(အာဗာ)ဆိုသူမှာ ဦးရှဉ့်ဂျ ကျေးရွာအမှတ် ၄ ရပ်ကွက်မှာ တယောက်တည်း နေထိုင်သူဖြစ်ကာ မိသားစုဝင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည် စခန်းမှာ နေထိုင်နေသူဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။  ဓားပြမှုမှာပါဝင် ခြင်းရှိမရှိတော့   စွပ်စွဲခံရသူ ဖာရူးဘက်ကိုတော့ မေးမြန်းနိုင်တာ မရှိပါဘူး။

ဓားပြမှုနဲ့ပတ်သက်ပြီး လက်ရှိ နယ်မြေစခန်းမှာ အမှုဖွင့်ထားပြီး ဖာရူးဆိုသူကို ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  

ဦးရှဉ့်ဂျကျေးရွာမှာ ရပ်ကွက် ၈ ခုရှိပြီး လက်ရှိမှာ အိမ်ခြေ ၂၀၀ ကျော်ရှိကာ ၂၀၁၇ အကြမ်းဖက်မှု မတိုင်ခင် လူနေအိမ်ခြေ ၁၈၀၀ ကျော်ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေး ရုံးစာရင်းအ ရသိရပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း ဦးနုရ်အာလောမ် ညီဝမ်းကွဲဖြစ်သူ တစ်ဦး ဓားပြ တိုက်ခံရပြီး သေဆုံး သွားတယ်လို့ သူတို့ မိသားစုဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013