DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အမှတ် (၈) အထက်တန်းကျောင်း မီးလောင်
DVB
·
May 30, 2022
ကလေးမြို့ အမှတ် (၈) အထက်တန်းကျောင်း မီးလောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် စမ်းမြို့ရပ်ကွက်က အမှတ်- ၈ အခြေခံပညာအထက်တန်းကျောင်းမှာ မေ ၂၉ ရက်‌မနက်အစောပိုင်းက မီးလောင်ပြီး ကျောင်းဆောင်တချို့ မီးလောင်ပျက်စီးသွားပါတယ်။

ကျောင်းနားမှာနေတဲ့ ဒေသခံတစ်ဦးက"မနက်အစောပိုင်းမှာ ပစ်ခတ်သံတွေကြားရတာ။ အဲဒီနောက်မှာ စာသင်ကျောင်း ၂ ဆောင် မီးလောင်တာ။ ပျဉ်‌ထောင် ကျောင်းဆောင် တစ်ခုကတော့ ပြာကျသွားတာ။ နောက်ကျောင်း ဆောင် တစ်ခုကတော့ ပြာကျ မသွားဘူး။"လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ စာသင်ကျောင်းဆောင်ကို မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်တာ မဟုတ်ဘဲ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသာ မီးကိုငြှိမ်းသတ်သွားတယ်လို့ စမ်းမြို့ရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။

အ.ထ.က (၈) စာသင်ကျောင်း မီး‌လောင်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က PDF  တွေ မီးရှို့ဖျက်ဆီးခဲ့တာလို့ စွပ်စွဲ သတင်းထုတ်ပြန်ထားပေမဲ့ PDF တပ်ဖွဲ့ဘက်ကတော့ ငြင်းဆိုထားပါတယ်။

ကလေး PDF အမှတ် ၆ တပ်ရင်းမှ တပ်ဖွဲ့ဝင် ကိုဂျပန်ကြီးက“အဲဒီညက တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က လက်နက်ကြီးကျလို့ မီးလောင်တာပဲဖြစ်နိုင်တယ်။ ကျနော်တို့အနေနဲ့ စာသင်ကျောင်းကို မီး မရှို့ခဲ့သလို သစ်ပင်တစ်ပင်ကိုတောင် မီးရှို့မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

စာသင်ကျောင်း မီးလောင်မှုနဲ့ပတ်သက်လို့ ဒေသခံတွေက ရှို့မီးလို့လည်ပြောဆိုကြတာရှိပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013