DVB Logo
Home
နိုင်ငံတကာ
တရုတ်လုပ် ပခုံးထမ်း လေယာဉ်ပစ်ဒုံးလောင်ချာများ အီရန် ရမည်ဟု သတင်းထွက်ပေါ်
DVB
·
July 30, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လေကြောင်းရန်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံလုပ် ပခုံးထမ်း လေယာဉ်ပစ်ဒုံးလောင်ချာ ၄ဝဝ နီးပါးကို လာမဲ့သီတင်းပတ်တွေမှာ အီရန်က လက်ခံရရှိဖို့ ရှိနေပါတယ်လို့ သတင်းရင်းမြစ် ၃ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၆၀ ကနေ ၇၀ ကြား တန်ဖိုးရှိတဲ့ ဒီဝယ်ယူမှုဟာ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အီရန်ရဲ့ အကြီးမားဆုံး ကြိုးပမ်းမှုတခု ဖြစ်ပါတယ်။

ဒီစာချုပ်မှာ တရုတ်နိုင်ငံထုတ် QW-12 နဲ့ FN-16 မော်ဒယ်တွေအပါအဝင် လူတယောက်တည်း ကနေ သယ်ဆောင်ပစ်ခတ်နိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် (MANPADS) အခု ၃၀၀ ကနေ ၄၀၀ ကြား ပါဝင်ပါတယ်။

ဒီအရောင်းအဝယ်ကို ဟောင်ကောင်အခြေစိုက် Zhongqing Baoshang ကုမ္ပဏီက တရုတ်နဲ့ အီရန်အကြား ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတယ် ဆိုပေမဲ့လည်း ပို့ဆောင်မဲ့ အချိန်ဇယား၊ အရေအတွက်နဲ့ တခြား အသေးစိတ် အချက်အလက်တွေကတော့ အတည်မပြုနိုင်သေးဘဲ ပြောင်းလဲနိုင်သေးတယ်လို့ သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

လောလောဆယ်မှာတော့ ဒီဒုံးကျည်တွေကို တရုတ်နိုင်ငံအနောက်ပိုင်း အူရွမ်ချီမြို့ကနေ ပါကစ္စတန်ကိုဖြတ်ပြီး အီရန်နိုင်ငံဆီ ပို့ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးအတွက်သာ အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

အလားတူပဲ ပါကစ္စတန်စစ်တပ်ကလည်း တရုတ်ဆီကနေ အီရန်ကို လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ပို့ဆောင်ရာမှာ သူတို့ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝမှားယွင်းကြောင်း ငြင်းဆိုထားပါတယ်။

ဇူလိုင် ၂၅ ရက်မှာ အမေရိကန်က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရုတ်တရက် ရပ်ဆိုင်းခဲ့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ရင် တိုက်ခိုက်မှုတွေ ပြန်စမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးထားပါတယ်။

အခု သတင်းထွက်နေတဲ့ ဒုံးကျည်တွေဟာ အနိမ့်ပျံသန်းလာတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို ပစ်ချဖို့ ရည်ရွယ်တာဖြစ်ပြီး အီရန်ရဲ့ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေအတွက် အရေးပါတဲ့ ကာကွယ်ရေးစနစ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013