DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့်ဂန့်ဂေါ်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၇ ဦး သေဆုံး
DVB
·
May 29, 2022
ပခုက္ကူနှင့်ဂန့်ဂေါ်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ အနည်းဆုံး ၇ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ဂန့်ဂေါ်မြို့နယ်တို့မှာ မေ ၂၈ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အနည်းဆုံး ၇ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် မြစ်ခြေ-စဘေလမ်းပိုင်းမှာ မေ ၂၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KC PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ရဲ့ တာဝန်ခံ G3 က ဒီဗွီဘီကိုပြောပါတယ်။

လူချင်းချိန်ဖို့ ဆိုင်ကယ် ၃ စီး၊ ကား ၂ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ကို လမ်းကနေ စောင့်ပြီး မိုင်း ၅ လုံးဆွဲပြီး တိုက်ခိုက်လိုက်တာ၊ သူတိုဘက်က ၇ ယောက်လောက်သေပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့ဆီက အတိအကျ အတွင်း သတင်းပေးလို့ လမ်းကနေစောင့်ပြီး တိုက်ခိုက်ခဲ့တာ။ နှစ်ဖက်ထိတွေတိုက်ပွဲ မဖြစ်ပွားခဲ့ဘဲ ကျနော်တို့ဘက်က ရဲဘော်တွေ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာခဲ့ကြတယ်။ သူတို့ဘက်က အရှေ့ကိုတော့ ဆက်တက်မလာဘူး။ အင်အားထပ်ဖြည့်ပြီး အနီးနားက ဆားကျင်းရွာ၊ စဘေကျေးရွာတွေကို ဝင်မွှေပြီး နောက်ကြောင်းပြန်ဆုတ်သွားကြတယ်။” 

စဘေကျေးရွာ ဒေသခံတယောက်က “မြစ်ခြေ-စဘေ ကားလမ်းမှာ မနေ့ညနေပိုင်းမှာ ပေါက်ကွဲသံတွေကြားရလို့ ကျနော်တို့ရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးလာခဲ့ရတယ်ဗျ။ ပြေးချိန်မရဘဲ ရွာမှာကျန်ခဲတဲ့ သူတွေကိုတော့ စစ်(...)တွေက ဖမ်းဆီးရိုက်နှက်ပြီးမေးမြန်းတာတွေ ပြုလုပ်ကြတယ်” လို့ ပြောပါတယ်။

မြစ်ခြေ-ကျွန်းချောင်း လမ်းပိုင်းမှာလည်း မေ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီလောက်က စစ်ကောင်စီရဲ့ ရဲတွေနဲ့ ပျူစောထီး ၁၃ ယောက်စီးလာတဲ့ လိုက်ထရက် ကားတစီးကို မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ပျူစောထီး ၅ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေ ၂၈ ရက် မနက်ကလည်း ဂန့်ဂေါမြို့နယ် မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ‌ကင်းလှည့်ဖို့ ထွက်ခွာလာချိန် YDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

YDF တာဝန်ခံက "သူတို့က ကျနော်တို့ကို ၂၆ ရက်က ဂျက်လေယာဉ်‌တွေနဲ့ ပစ်ခတ်ခဲ့တာ။ ပြီးရင် ဆည်မှာ စစ်သားတွေ ချထားခဲ့တာ။ ဒါကြောင့် ကျနော်တို့ဘက်က သူတို့ ကင်းလှည့်လာတဲ့လမ်းမှာ မိုင်းတွေ အဆင်သင့်ထောင်ထားခဲ့တာ သူတို‌ေလာတာ နဲ့မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ထိခိုက်‌ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှု မရှိဘူး"လို့ ပြောပါတယ်။

မေ ၂၆ ရက်က ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေ ရှိရာကို စစ်ကောင်စီတပ်တွေက ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က လက်နက်အင်အားမမျှတာကြောင့် ဆုတ်ခွာခဲ့ရပြီး တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

ဆက်လက်ပြီး ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013