DVB Logo
Home
မြန်မာသတင်း
သတင်းအချက်အလက်မျှဝေဖလှယ်ခြင်းဆွေးနွေးပွဲ ကေအန်ယူဌာနချုပ်၌ ပြုလုပ်
DVB
·
May 29, 2022
သတင်းအချက်အလက်မျှဝေဖလှယ်ခြင်းဆွေးနွေးပွဲ ကေအန်ယူဌာနချုပ်၌ ပြုလုပ်
1 / 5
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုဌာနချုပ်၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ ခန်းမဆောင်မှာ မေ ၂၇ ရက်က သတင်းအချက်အလက်မျှဝေဖလှယ်တဲ့ တွေ့ဆုံပွဲတရပ်ကို ဗဟို၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ပညာပေးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲက ကြီးမှူး ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအစီအစဉ်ကို ကေအန်ယူ ဗဟိုခေါင်းဆောင်တွေနဲ့ လူငယ်တွေရဲ့အမြင်တွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဖလှယ်ပြီး ပြန်လည်သုံးသပ်ညှိနှိုင်းပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေတခု ထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာပါ။

ကေအန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုစောသမိန်းထွန်းက “ရှေ့လျှောက်ရမယ့် ခရီးလမ်းကို အတတ်နိုင်ဆုံးမမှားအောင် သူတို့ကို အရင်တုန်းက အဖြစ်အပျက်တွေကို အကုန်လုံးရှင်းပြပြီးမှ ထပ်ခါထပ်ခါမမှားရအောင် ဘယ်လိုသွားရမလဲ။ တန်းတူမှုရှိတဲ့ အခွင့်အရေးရှိတဲ့ နိုင်ငံတခုဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားတတ်အောင်လို့” လို့ ပြောပါတယ်။

အဆိုပါ သတင်းအချက်အလက်မျှဝေဖလှယ်တဲ့ အစီအစဉ်ကို ကေအန်ယူ-ဗဟို ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်း၊ ပဒိုစောကလယ်စေးတို့က ကေအန်ယူ- ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ အရပ်ရပ်တွေကို ခြုံငုံသုံးသပ် ရှင်းပြခဲ့ပါတယ်။

အဆိုပါ အစီအစဉ်ကို ဗဟိုဌာနချုပ်ရဲ့ ဌာနတာဝန်ရှိသူတွေ၊ ဗဟိုစစ်ဦးစီးဌာနချုပ်ရဲ့ ခေါင်းဆောင်တွေ၊ ဘားအံခရိုင်၊ တပ်မဟာ (၇) ရဲ့ တာဝန်ရှိသူတွေ၊ ကရင်လူမှုရေး အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလော စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် အမြင်သဘောထားတွေပေးတာ၊ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးရဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ပေါ်လစီ (Negotiation Policy) ကို ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး သတင်းအချက်အလက်တွေ အရေးကြီးကြောင်းနဲ့ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ သတင်းအသိ၊ သတင်းသတိတွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူလူထုတွေထံ သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို သတင်းပြန်ကြားပေးနိုင်ရေးဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ ဖြစ်လာနိုင်ချေရှိတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ၊ အလားအလာတွေကို သုံးသပ်ဆွေးနွေးတာ၊ အမြင်သဘောထားဝေငှတာတွေအပြင် စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာန၊ ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲရဲ့ ပုံမှန်ပြုလုပ်တဲ့ သတင်းအချက်အလက်တွေကို အသိပေးမျှဝေတာ နိုင်ငံရေးစကားဝိုင်း၊ လူငယ်စကားဝိုင်း၊ ကရင်စကားဝိုင်းအစီအစဉ်တွေကို ပြုလုပ်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013