DVB Logo
Home
မြန်မာသတင်း
မောင်တော-ဘူးသီးတောင်လမ်း၌ တောဆင်ရိုင်းကြီးတကောင် သောင်းကျန်းနေ
DVB
·
May 29, 2022
မောင်တော-ဘူးသီးတောင်လမ်း၌ တောဆင်ရိုင်းကြီးတကောင် သောင်းကျန်းနေ
Donate to DVB

ရခိုပြည်နယ်၊ မောင်တော နဲ့ ဘူးသီးတောင်သွားလမ်းမှာ ဟိုင်းဆင်ကြီးတကောင် သောင်းကျန်းနေတာကြောင့် ခရီးသွားသွားပြည်သူတွေ စိုးရိမ်နေကြပါတယ်။

မောင်တောမှ ဘူးသီးတောင်ကို ပြန်လှည့်လာရတဲ့ ခရီးသွားကားသမားတဦးက “ကျနော်တို့ကားကို ရှေ့မှာကာ တားထားတာ။ ကားနောင်ဆုတ်ပြေးလာရတယ်။ ဆင်က ဟိုင်းဆင်ကြီးပါ။ တကောင်တည်း အုပ်စုနဲ့မဟုတ်ဘူး။ ရှေ့ခြေတဖက်ငယ်တယ်။ ဆင်အုပ်စုတွေရှိတယ်။ သူတို့နဲ့ ပေါင်းနေတာမဟုတ်ဘူး။ မောင်တော၊ ဘူးတောင်လမ်းမှာ ဆင်အန္တရာယ်ရှိလာနေတယ်” လို့ ပြောပါတယ်။

မောင်တော နဲ့ ဘူးသီးတောင်ကြား လှိုင်ဂူငယ်အနီးမှာ ဆင်အုပ်စုတွေ ရှိနေပေမယ့် အန္တရာယ်မပြုဘဲ အဲဒီဆင်ရိုင်းတကောင်သာ သီးခြားထွက်ပြီး လမ်းသွားလမ်းလာယာဥ်တွေကို အန္တရာယ်ပြုနေတာလည်းဖြစ်ပါတယ်။

အဆိုပါဆင်မှာ မောင်တောမြို့နယ်အတွင်း တောာင်ပိုင်း/မြောက်ပိုင်း ကျေးရွာတွေကို သွားရောင်ကာ လူသတ်နေတဲ့ အဖော်ကွဲ တောဆင်ရိုင်းတကောင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီဆင်က မောင်တောမြို့နယ်မှာ လူသတ်ထားတာ ၅ ဦးသတ်ထားပြီး အဖော်ကွဲနေတာ။ အခုထိ အဲဒီဆင်ကို သစ်တောက ဖမ်းဆီးတာမရှိသေးဘူး” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါဟိုင်းဆင်ကြီး သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်း  မောင်တောမြို့နယ်က အထက်ကံသာယာကျေးရွာသား တဦး၊ ဗောဓိကုန်းကျေးရွာသားတဦး၊ ငန်းချောင်းကျေးရွာသားတဦး၊ ကျောက်ချောင်းကျေးရွာသားတဦး သေဆုံးခဲ့ရပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ရွှေတောင်ကျေးရွာက ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၁၀ ဦးလောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေကတော့ တောဆင်ရိုင်းအား သတ်ခွင့်ကို ဥပဒေအရတားဆီးထားပြီး ဆင်ရိုင်းအန္တရာယ် ကာကွယ်အသိပညာပေးတာတွေ ပြုလုပ်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းတွင်လည်း မောင်တောမြို့နယ် အောင်ဇေယျကျေးရွာရှိ ရေကန်မှာ တောဆင်ရိုင်း ၄ ကောင် နွံနှစ်ခဲ့ကြပြီး မောင်တောမြို့နယ်သစ်တောဦးစီးဌာနက ကယ်ဆယ်ပေးခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013