DVB Logo
Home
မြန်မာသတင်း
ကညင်ချောင်း စီးပွားရေးဇုန်လမ်းများ မိုးရာသီအတွင်း ဆိုးရွားစွာပျက်စီးလာ
DVB
·
May 28, 2022
ကညင်ချောင်း စီးပွားရေးဇုန်လမ်းများ မိုးရာသီအတွင်း ဆိုးရွားစွာပျက်စီးလာ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကညင်ချောင်း စီးပွားရေးဇုန်လမ်းတွေ မိုးရာသီးအတွင်း ဆိုးရွားစွာပျက်စီးလာနေပြီး ပြုပြင်တာလည်း မရှိတာကြောင့် သွားလာရေး အခက်အခဲဖြစ်မှာကို ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။

"မိုးရာသီမှာ လက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်လမ်းအခြေအနေက လုံးဝ ကုန်သွယ်လို့ အဆင်မပြေနိုင်ဘူး။ အရင်နှစ်ကလည်း ကျနော်တို့ ကုန်ကားတွေ တိမ်းမှောက်ပြီး ဆုံးရှုံးမှုတွေ များစွာရှိခဲ့တယ်။ အခုဇုန်ကုန်သွယ်ခွန်ဆိုပြီး ကုန်စည်တတန်ကို ၃၀၀၀ ကျပ်နှုန်းနဲ့ အခွန်ကောက်တယ်။ လမ်းတွေကတော့ အခုထိပြုပြင်တာမရှိသေးဘူး” လို မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့နေတဲ့ ကုန်သည်ကြီးတဦးက ပြောပါတယ်။

ကညင်ချောင်စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇုန်ဝန်ဆောင်ခတွေကို ၂၀၂၂ ခုနှစ် ဇွန်နဝါရီ ၂၄ ရက်နေ့မှစတင်ကာ ကုန် ၁ တန်အား ၃၀၀၀ ကျပ်နှုန်းနဲ့ အခွန်ကောက်ယူမှုကနေ တပတ်ကို ၂၅ သိန်းလောက် ကောက်ခံရရှိတယ်လို့  ကညင်ချောင်စီးပွားဇုန် စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ဇုန်အသုံးပြုခ၊ လမ်းအသုံးပြုခ၊ ယာဉ်ရပ်နားခ၊ ညအိပ်ခ၊ မိလ္လာသန့်ရှင်းရေးခ၊ လျှပ်စစ်မီးသုံးစွဲခ၊ ရေအသုံးပြုခ၊ ပစ္စည်းစုပုံခ၊ သိုလှောင်ရုံခ၊ ရေယဥ်ဆိုက်ကပ်ခ၊ ဆိပ်ခံတာတားအသုံးပြုခ၊ အမှိုက်သိမ်းခ၊ မြစ်ချောင်းထိန်းသိမ်းခ စတဲ့ ခေါင်းစဥ် ၁၂ ခုနဲ့ ကုန်တတန်ကို ငွေ ၃၀၀၀ ကျပ်နှုန်း အခွန်ကောက်ခံယူနေတာလို့ ဆိုပါတယ်။

"စီးပွားရေးဇုန်ဆိုပြီး တရားဝင်ဖွင့်လှစ်တာ အခုထိမရှိသေးဘူး။ ကုန်တန်အချိန် ၁ တန်ကို အခွန်တော့ ၃၀၀၀ နှုန်းကောက်တယ်။ လမ်းတွေကတော့ အခုထိ မပြုပြင်သေးဘူး၊ ဇုန်တည်ဆောက်ထားတာတာ ပုဂ္ဂလိကနဲ့ အစိုးရပေါင်းပြီး ၄ ဘီလီယံခန့် သုံးစွဲထားတယ်။ စစ်ဆေးမယ်သူလည်း မရှိဘူး၊ လုပ်ချင်သလိုလုပ်နေကြတာ” လို့ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ကညင်ချောင်း စီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နဲ့ ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ အစိုးရက ငွေကျပ်သိန်းပေါင်း ၂၅၀၀၀ နဲ့ ပုဂ္ဂလိကဘက်က ငွေကျပ် သိန်းပေါင်း ၁၃၄၀၀၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၈၄၀၀ နဲ့ မြေဧက ၅၀ လောက်မှာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ကစတင်ပြီး ဝယ်သူစျေးကွက်ဖော်ဆောင်ဖို့အတွက် ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ကညင်ချောင်းစီးပွါးရေးဇုန်ပြုလမ်းတွေပြုပြုဖို့ ပြည်ထောင်စုအဆင့် တင်ဒါခေါ်နေပြီး လမ်းဧရိယာမည်မျှ ဘဏ္ဍာငွေမည်မျှ သုံးစွဲမည်ကို မသိရသေးဘူးလို့ ကုန်သည်ကြီးတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013