DVB Logo
Home
မြန်မာသတင်း
ကျောက်မဲစစ်ရှောင်ပြည်သူများကို SSPP/SSA တပ်က ကျပ်သိန်း ၂၅၀၀ ထောက်ပံ့
DVB
·
May 27, 2022
ကျောက်မဲစစ်ရှောင်ပြည်သူများကို SSPP/SSA တပ်က ကျပ်သိန်း ၂၅၀၀ ထောက်ပံ့
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့က  မေ ၂၅ ရက်နေ့မှာ ကျပ်သိန်းပေါင်း ၂,၅၀၀ ထောက်ပံ့ပေးခဲ့ပါတယ်။

ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင် (RCSS/SSA) တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ဒေသတွေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်အခြေချဖို့ ခက်ခဲတဲ့ပြည်သူ ၂၂၈ ဦးကို ဗိုလ်မှူးကြီး Ling Seng ဦးဆောင်တဲ့အဖွဲ့က ထောက်ပံ့ကူညီပေးခဲ့တာလို့ SSPP/SSAတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့ဟာ တနိုင်ငံလုံးအပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး SSPP/SSA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုနဲ့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာရှိသလို အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူလူထုထောင်တဲ့ချီရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013