DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ် မခေခမ်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
May 27, 2022
ဖယ်ခုံမြို့နယ် မခေခမ်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြိုနယ်ရှေ့ခြမ်းရှိ  မခေခမ်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မေလ ၂၆ ရက်ညက မီးရှို့ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မနေ့ည ၇ နာရီလောက်မှာ  ဖယ်ခုံမြို့နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်မကူးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာလို့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“အဲဒီနားက ရွာတွေက အကုန်လုံး‌ ပြေးကုန်ကြပြီလေ။ အဲဒီရွာနီး ကပ်နေတဲ့လွယ်မကူးတောင်မှာ စစ်တပ်က ရှိနေတယ်။ အဲဒီနားမှာ ကျနော်တို့ PDF တွေလည်း သွားလို့မရဘူး။ ရွာသားတွေလည်း သွားလို့မရဘူး။ သူတို့ အပေါ်ကနေဆင်းလာတယ်။ အဲဒီမှာ စစ်တပ်ကလွဲလို့ ဘယ်သူ့မှ မလာနိုင်ဘူး။ သူတို့ပဲ ရှို့တယ်။ တချို့ရွာတွေမှာလည်း ဝင်ဖမ်းတယ်၊ ဝင်စစ်တယ်။ ပြီးလို့ရှိရင် မီးရှို့ခဲ့တယ်။ အဲလိုမျိုး။”

ဖယ်ခုံမြို့၊ ဗိုးဗြဲနဲ့ ညောင်ရွှေနယ်စပ်တွေက မေလ ၁၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဖယ်ခုံအရှေ့ခြမ်းရှိ ကျေးရွာ ၃၅ ရွာနီးပါးက ပြည်သူတွေ နီးစပ်ရာဆီကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ပြည်သူတွေထွက်ပြေးတိမ်းရှောင်ပြီးနောက် ကျေးရွာ အနည်းဆုံး ၄ ရွာ  မီးရှိုခံခဲ့ရတယ်လို့လည်း PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“ကျနော်တို့ လောဆယ်သိရတာက ဆောင်နန်းခဲ့ရယ်၊ နန့်ပေါ်လုံရယ်၊ လဟယ်ရယ်၊ မခေခမ်းရယ်ပေါ့။ လေးရွာရှိပြီဗျာ။ ဒါပေမဲ့တခြားရွာလည်း ပါကောင်းပါနိုင်တယ်။ ကျနော်တို့ သေချာတော့ အဲဒီမီးရှို့ခံရတဲ့ရွာတွေကို သွားလို့မရတဲ့အခြေအနေဆိုတော့ အတည်ပြုလို့တော့ မရသေးဘူး။ သေချာတာကတော့ အဲဒီရွာက သေချာတယ်။ ရွာတွေက လမ်းခြားပြီးတော့ ဆက်နေတယ်။ ပြီးတော့ လွယ်ပေါရယ်၊ နန့်ပေါ်လုံရွာနဲ့ နန်းဆွန့်ရွာတွေကလည်း  ၃ ရွာ ဆက်နေတာပေါ့။ မီးလောင်တဲ့ဟာကို ဒရုန်းနဲ့ ကြည့်သလောက်တော့ နန့်ပေါ်လုံကပဲ မီးရှို့ခံတာ ပိုများနေတာတွေ့ရတာပေါ့။”

အခုရက်ပိုင်းမှာ တိုက်ပွဲတွေငြိမ်နေပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရင်တော့ တိုက်ပွဲ ဆက်ဖြစ်ဖို့ အလားအလာရှိနေတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ ထီရိစစ်ကောင်စီစစ်ဆေးရေးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၁၂ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းက ဆီမီးလော့ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

အဲဒီတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၃၅ ရွာလောက်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

တချို့က ဆီဆိုင်မြိုနယ်၊ တောင်ကြီးမြို့၊ တချို့က ဒီးမော့ဆို အနောက်ခြမ်းဒေသဘက်ဆီကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး သူတို့အတွက် အစားသောက်နဲ့ အမိုးအကာတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013