DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ကျောင်းလာအပ်သူသည့် ကျောင်းသားကျောင်းသူ ယခင်နှစ်ထက် ပိုများ
DVB
·
May 27, 2022
နေပြည်တော်တွင် ကျောင်းလာအပ်သူသည့် ကျောင်းသားကျောင်းသူ ယခင်နှစ်ထက် ပိုများ
Donate to DVB

၂၀၂၁-၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေ ၂၆ ရက်က စတင်ကျောင်းအပ်လက်ခံနေရာမှာ  စတင်လက်ခံတဲ့နေ့မှာပဲ နေပြည်တော်မှာ ကျောင်းအပ်သူ အရေအတွက်ဟာ အရင်နှစ် ပညာသင်နှစ်ထက် များပြားလာတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှု နည်းပါးခဲ့ပေမဲ့ တနှစ်အကြာမှာတော့ ကျောင်းအပ်နှံမှု ပြန်လည်မြင့်တက်လာခဲ့တာပါ။

မနှစ်က ကျောင်းမအပ်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကလေးရှေ့ရေးအတွက် ကျောင်းပြန်အပ်ခဲ့ရတာ ဖြစ်တယ်လို့ Grade-8 တန်းတက်မယ့် ကျောင်းသားတဦးရဲ့ မိခင်က ပြောပါတယ်။

"မနှစ်တုန်းကတော့ မအပ်ခဲ့ပါဘူး။ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့၊ အခုဆို သူကျောင်းမတက်ရတာ ကြာနေပြီ။ အပြင်က‌နေသင်ဖို့တို့ ဘာတို့ကျ‌တော့ အမတို့က မတတ်နိုင်ဘူး။ အဲ့လောက်လည်း မသိဘူးလေ။ သူ့ပညာရေးအတွက်ပဲ ကျောင်းပြန်ထားဖြစ်တာပါ။”

ကျောင်းအပ်စတင်လက်ခံတဲ့ နေပြည်တော်အတွင်းက အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းအပ်နှံသူ များပြားခဲ့သလို မနှစ်ကအတိုင်း ကျောင်းမအပ်တဲ့ မိဘတချို့လည်း ရှိနေပါသေးတယ်။

"အစ်ကိုတို့လည်းကလေးကို ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ဒီပညာရေးစနစ်ကြီးနဲ့တော့ မကြီးပြင်းစေချင်ဘူး။ ပြီးတော့ ကျောင်းတက်ချင်ရက်နဲ့ မတက်ရတဲ့ ဒေသတွေက ကလေးတွေကိုလည်း အားနာတယ်။ အဲဒါကြောင့် ကျောင်းမအပ်ဖြစ်တာပါ။ လာမယ့်နှစ်တွေအတွက်တော့ မပြောတတ်‌သေးပေါ့” လို့ မိဘတဦးက ပြောပါတယ်။

ကျောင်းအပ်နှံရေးရက် မတိုင်ခင်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ မတက်ရောက်ဖို့နဲ့ စစ်ကျွန်ပညာရေး သပိတ်မှောက်ဖို့ တိုက်တွန်းတာတွေရှိပေမဲ့ ဒီနှစ်မှာ ကျောင်းအပ်တာက ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ကျောင်းသားကျောင်းသူတွေအတွက် NUG အစိုးရကလည်း ကြားကာလ ပညာရေးအစီအစဉ်တွေကို အကောင်အထည် ဖော်ပေးနေပါတယ်။

အခု မေ ၂၆ ရက်ကနေ ဇွန် ၁ ရက်အထိ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြောညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013