DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်း သေဆုံး
DVB
·
May 27, 2022
ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်း သေဆုံး
Donate to DVB

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မေ ၂၆ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

သထုံမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး လမ်းဘေး ထိုးကျသွားသလို စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNLA ပူးပေါင်းအဖွဲ့ကို ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်တစုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသွားကား ရာနဲ့ချီပြီး နှစ်နာရီနီးပါးကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီ ယာဉ်တန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။

ဘီးလင်းမြို့နယ်မှာတော့ အခုလဝက်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့အတွက် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လာနေကြ

ပါတယ်။

ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013