DVB Logo
Home
မြန်မာသတင်း
NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ယူကေဝန်ကြီးတို့ လန်ဒန်မြို့၌တွေ့ဆုံ၊ မြန်မာ့အရေးဆွေးနွေး
DVB
·
May 27, 2022
NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ယူကေဝန်ကြီးတို့ လန်ဒန်မြို့၌တွေ့ဆုံ၊ မြန်မာ့အရေးဆွေးနွေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ယူကေနိုင်ငံရဲ့ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး  ပါလီမန်အမတ် အမန်ဒါမေးလ်လင်းတို့ မေ ၂၅ ရက်က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

လန်ဒန်မြို့တော်ရှိ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနရုံးမှာ နှစ်နိုင်ငံ အစိုးရဝန်ကြီးတွေ တွေ့ဆုံရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကိစ္စရပ်တွေ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်၊ ငြိမ်းချမ်းမှုနဲံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ NUG ကသတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံအပေါ် UK နိုင်ငံရဲ့ အကူအညီပေးမှုတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီကို ယူက အပါအဝင် အနောက်နိုင်ငံတွေက သံတမန်ဆက်ဆံ ရေးအဆင့် လျှော့ချထားချိန်မှာ အခုလို NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့  ဆံဆက်ရေး တိုးမြှင့် ဆောင်ရွက်လာနေတာဖြစ်ပါတယ်။ 

NUG အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုလည်း အမေရိကန်ပြည်ထောင်စု အစိုးရက  မကြာသေးခင်က တရားဝင်ဖိတ်ခေါ်တဲ့အတွက်သွားရောက်ခဲ့ရပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမင်းအပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013