DVB Logo
Home
မြန်မာသတင်း
အာရက္ခတပ်တော်က ဒေသတွင်း၌ အစိုးရမဟုတ်သည့် အကြီးဆုံးလက်နက်ကိုင်အဖွဲ့ ဖြစ်လာ
DVB
·
July 18, 2026
Photo: AA
Photo: AA
Donate to DVB

မြန်မာနိုင်ငံမှာ မြို့အများဆုံး ထိန်းချုပ်ထားနိုင်တဲ့ အာရက္ခတပ်တော် (AA) ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသတို့မှာ အစိုးရမဟုတ်တဲ့ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက် လွတ်လပ်သော မူဝါဒသုတေသနအဖွဲ့ The Jamestown Foundation က ဇူလိုင် ၁၆ ရက်နေ့ထုတ် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အာရက္ခတပ်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ အစိုးရမဟုတ်တဲ့ အကြီးမားဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အမြဲတမ်းတပ်ဖွဲ့ဝင် အင်အားလည်း ၄၀,၀၀၀ လောက်ရှိတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ထိန်းချုပ်ထားနိုင်တာကြောင့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အပေါ် ပထဝီနိုင်ငံရေး ဩဇာလွှမ်းမိုးနိုင်ပြီး အခြားတော်လှန်ရေး အင်အားစုတွေထက် ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အခွင့်အရေးတရပ်ကို ဖန်တီးထားနိုင်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အာရက္ခတပ်တော်ဟာ အကြီးမားဆုံး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ဖြစ်လာပြီး ရခိုင်က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသလို အိမ်နီးချင်း တိုင်းနဲ့ ပြည်နယ်တွေမှာလည်း နယ်မြေလုံခြုံရေးကြားခံဇုန် (buffer zone) တည်ဆောက်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာက ပြောထားပါတယ်။

AA ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် ကောင်းစွာလည်ပတ်ရေးအတွက် ကောင်းစွာဖန်တီးထားနိုင်သလို မဟာဗျူဟာမြောက်တဲ့ မဟာမိတ် ပူးပေါင်းရွက်မှုတွေကိုပြုလုပ်ပြီး နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေကိုလည်း လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော်ဟာ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့နဲ့အတူ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဖော်ဆောင်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း အင်အားချိန်ခွင်လျှာကို အခြေခံကျကျ ပြောင်းလဲသွားစေခဲ့ကာ အဲဒီ စစ်ဆင်ရေးနယ်မြေတွေနဲ့ အရေးပါတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးနဲ့ ဩဇာအရှိဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာခဲ့တယ်လို့ ရေးသားထားပါတယ်။

အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံအနောက်ပိုင်းဒေသရှိ စစ်အစိုးရတပ်တွေကို ဖယ်ရှားနိုင်ခဲ့ပြီးနောက် လက်ရှိမှာ ကိုယ်ပိုင်အုပ်ချုပ်တဲ့ နိုင်ငံအသွင် (proto-state) တရပ်ကို ဖော်ဆောင်နေသလို အဲဒီလို အာရက္ခတပ်တော်ရဲ့ အင်အားကြီးထွားတာနဲ့ အုပ်ချုပ်ရေးစနစ်တွေ တည်ထောင်ပြီး လည်ပတ်လာတာဟာ စစ်အာဏာရှင် မင်းအောင်လှိုင် အစိုးရအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ဒေသတွင်း လူနည်းစုများနဲ့ သဟဇာတကျရေးကိုလည်း အဓိထား ဆောင်ရွက်နေပြီး မွတ်စလင်၊ ဟိန္ဒူတို့အတွက် ဘာသာရေး လွတ်လပ်ခွင့်တွေကိုလည်း တိုးမြင့်ပြီး ပေးလာသလို လူထုဆက်ဆံရေးကိုလည်း တိုးမြင့်လာတယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

အဲဒီဆောက်ရွက်ချက်တွေက ဒေသခံပြည်သူတွေရဲ့ ထောက်ခံမှု တိုးလာခဲ့ပြီး AA ရဲ့ နယ်မြေထိန်းချုပ်နိုင်မှုကိုလည်း ပိုမိုခိုင်မာစေခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ လက်ရှိ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ကျန် ၃ မြို့ကိုလည်း ၂၀၂၇ ခုနှစ် မကုန်ခင်မှာ အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013