DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် အင်ပင်(ယဒင်) ကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ် ၃၃ လုံး မီးလောင်
DVB
·
May 26, 2022
ဒီပဲယင်းမြို့နယ် အင်ပင်(ယဒင်) ကျေးရွာကို စစ်ကောင်စီတပ်မီးရှို့၊ နေအိမ် ၃၃ လုံး မီးလောင်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အင်ပင် (ယဒင်) ကျေးရွာမှာ မေ ၂၅ ရက်က စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ် ၃၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဒီပဲယင်းမြို့နယ် အင်ပင် (ယဒင်) ကျေးရွာကို မီးရှို့သွားတယ်။ စစ်ကောင်စီတပ်တွေက ရွာထဲရောက်နေတာ မေ ၂၃ ရက်နေ့တည်းက ရောက်နေတယ်။ မနေ့ မနက်ခင်းက စစ်ကြောင်းထိုးလာပြီး အင်ပင်(ယဒင်) ကျေးရွာ မီးရှို့တယ်။ လူနေအိမ် ၃၃ လုံး မီးလောင်သွားတယ်။”

အင်ပင်(ယဒင်) ကျေးရွာ ဒေသခံတဦးက “အခု ကျနော့်ရွာက နေအိမ် ၃၃ လုံး မီးလောင်သွားတယ်။ စစ်တပ်ရောက်လာတော့ လူတွေ အကုန်ထွက်ပြေးရတယ်။ ကျနော့်အိမ်လည်း မီးထဲပါတယ်၊ ဆန်စက်လည်း မီးလောင်သွားတယ်။ စပါး ၁,၅၀၀ လောက် မီးထဲပါတယ်။ အခု ဘာတခုမှ မရှိတော့ဘူး။ အခု ကျနော်တို့ စစ်ရှောင်နေရတယ်။ ရွာထဲမှာ နေစရာမရှိလို့ တောထဲမှာ မိုးကာထိုးပြီး နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီမီးရှို့ခဲ့တဲ့ အင်ပင်(ယဒင်) ကျေးရွာ ဒေသခံတွေက ဆန်၊ ဆီနဲ့ ဆေးဝါးတွေ ကူညီကြဖို့ တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013