DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က အကျဉ်းသား ၂၄ ဦးကို ပြန်လွှတ်ပေး
DVB
·
May 26, 2022
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က အကျဉ်းသား ၂၄ ဦးကို ပြန်လွှတ်ပေး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်အတွင်း လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့ မေ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်မှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၂၆ ယောက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှု၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကျဉ်းသားတွေရဲ့ ခံဝန်ကတိတွေကြောင့် အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အရင်ကာလတွေမှာလည်း ဖမ်ဆီးခံရတဲ့ တရုတ်နိုင်ငံသား ၄ ယောက် အပါအဝင် အကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း KSCC က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်လှမ်းရေးတပ်နဲ့ ဒလန်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖမ်းမှုတွေမှာ ဒေါက်တိုင်အဖြစ် ပါဝင်နေသူအားလုံးနဲ့ တခြားရာဇဝတ်မှု ကျူးလွန်သူတွေကို ကရင်နီပြည်ရဲဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းသွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ဒေါက်တိုက်အဖြစ် ပါဝင်ပတ်သက်နေသူတွေ အမြန်ဆုံး ပြင်ဆင်ပြီး ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့တွေနဲ့ ဘက်ပြောင်း ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013