DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့တွင် အလုပ်သမားသမဂ္ဂဝင် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
May 26, 2022
ခန္တီးမြို့တွင် အလုပ်သမားသမဂ္ဂဝင် ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဦးအထော (ခ) ဦးမိုးဂျီ ကို စစ်ကောင်စီတပ်တွေက မေ ၂၅ ရက်ညနေ ၆ နာရီလောက်က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီးမြို့ခံတယောက်က “စစ်ကောင်စီတပ်တွေက ဦးအထော(ခ)ဦးမိုးဂျီကို နေအိမ်မှာ လာဖမ်းတယ်။ သူက အရင်ကတည်းက တောင်သူလယ်သမားရေး ဆောင်ရွက်နေသူတယောက်။  ခန္တီးမှာ ရုံးခန်းဖွင့်ထားတယ်တွေ ရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဖြစ်တယ်။ အလုပ်သမား နစ်နာတာ ဘာတွေ လုပ်ပေးတာရှိတယ်” လို့ ပြောပါတယ်။

ဦးအထော(ခ)ဦးမိုးဂျီကို  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄(က)နဲ့   ၂၀၂၁ ခု မေလ ၂၈ ရက်က ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး  အဲဒီဖမ်းဝရမ်းစာ အခု ခန္တီးကို ရောက်လာတာကြောင့် ဖမ်းဆီးပေးရတာဖြစ်တယ်လို့  စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက အန်အယ်လ်ဒီပါတီဝင်တွေ၊ ကျောင်းသားတွေ၊  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားအရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်းဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၃၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013