DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားဖမ်းဆီးထားသည့်အပေါ်ကုလသမဂ္ဂသို့ တိုင်ကြား
DVB
·
May 26, 2022
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားဖမ်းဆီးထားသည့်အပေါ်ကုလသမဂ္ဂသို့ တိုင်ကြား
1 / 2
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုက မတရားပုဒ်မတွေတပ်ကာ ဖမ်းဆီးတရားစွဲဆိုထားတဲ့အပေါ် သူ့ရဲ့ ဆွေမျိုးတွေက ကုလသမဂ္ဂအဖွဲ့ဆီ တိုင်ကြားလိုက်တယ်လို့ ရှေ့နေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ကပြောင်းကပြန်ဖြစ်စေခဲ့ပြီး အသက် ၇၆ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို စစ်တပ်က ဖမ်းဆီးထိန်း သိမ်းထားခဲ့ကာ နှစ်ပေါင်း ၁၅ဝ ကျော်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကို “တရားစီရင်ရေးစနစ်ပြန်ပေးဆွဲခံရမှု” လို့ ဖော်ပြပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေဖြစ်ကြတဲ့ ဖရန်ဆွာဇင်မရေနဲ့ ဂျက်စီကာ ဖင်နဲလ်တို့က မတရားဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ရုံး (UNWGAD) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေမျိုးတွေကိုယ်စား တိုင်ကြားခဲ့တာဖြစ်ပါတယ်။

တိုင်ကြားစာထဲမှာတော့ "သူ့ကို ဖမ်းဆီးတာဟာ တရားမဝင်ပါဘူး။ ထိန်းသိမ်းထားတာဟာလည်း ဘာဥပဒေအခြေခံစည်းမျဉ်းတွေမှ မရှိဘဲနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရာရောက်နေပြီးတော့ တရားခွင်မှာ စွဲချက်ပေါင်း များစွာနဲ့ ရင်ဆိုင်နေရတာဟာလည်း တရားစီရင်ရေးစနစ်ရဲ့ အခြေခံ စည်းမျဉ်းတွေကို ချိုးဖောက်နေတာ ဖြစ်တယ်။” လို့ ဖော်ပြထားကြောင်း အေအက်ဖ်ပီသတင်းက ဆိုပါတယ်။

“ဒါဟာ တရားခွင်တခုအဖြစ် အသွင်ဆောင်ထားတဲ့ ပြန်ပေးဆွဲမှုဖြစ်ပြီး တရားမျှတမှု မရှိဘဲ ဖမ်းဆီးထားကာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံနေရတာကလည်း လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံအတွက် ကြေ ကွဲစရာကောင်းတဲ့ ဆုတ်ယုတ်မှုပါပဲ။”

ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောအချိန်အထိ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပေမယ့် စွဲချက်ပေါင်း ၁၇ ခုနဲ့ နောက်ထပ် ထောင်ဒဏ်နှစ် ၁၀၀ ကျော် ကျခံရဖို့ လည်း အလားအလာ ရှိနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်မြို့က သူ့ရဲ့နေအိမ်မှာ အကျယ်ချုပ်နဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူ့ကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ တနေရာမှာ လျှို့ဝှက်ထားကာ ပြင်ပနဲ့ ဆက်သွယ်မှုတွေကိုလည်း ဖြတ်တောက်ထားပြီး တရားရုံးချိန်းမတိုင်ခင်မှသာ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေဖြစ်ကြတဲ့ ဖရန်ဆွာ ဇင်မရေနဲ့ ဂျက်စီကာ ဖင်နဲလ်တို့က “ဘဝမှာ အချိန် ၁၅ နှစ်လောက် လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရပြီး သိပ်မကြာခင် အသက် ၇၇ နှစ်ပြည့်တော့မယ့် အမျိုးသမီးတယောက်ကို ချုပ်နှောင်ထားတဲ့ ရည်ရွယ်ချက်ကို ဘယ်သူတဦးတယောက်ကများ ရိပ်မိသိနိုင်မလား” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013