DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများအား စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ
DVB
·
May 25, 2022
ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများအား စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာအုပ်စု ၄ စုကို မေ ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရှာဖွေနေတဲ့ ကျေးရွာအုပ်စုတွေကတော့ ဘဂုံးနား၊ မြောင်းနား၊ ကကျက်ဖက်၊ အလယ်ချောင်းနဲ့ သပိတ်တောင်ကျေးရွာအုပ်စုရှိ ရွာသိမ်ရွာငယ် ၃၀ ခန့်ကို စစ်ကောင်စီတပ်က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးတာလို့ဆိုပါတယ်။

သပိတ်တောင် မွတ်ဆလင် ကျေးရွာဒေသခံတစ်ဦးက “ ဒီနေ့တရက်လုံး စစ်တပ်က ကျနော်တို့ မွတ်ဆလင်ကျေးရွာအုပ်စု ၄ စုက နေအိမ်တွေကို တအိမ်တက် တအိမ်ဆင်း ရှာဖွေမှုတွေ ပြုလုပ်နေတယ်။ ဘာကိုရှာတာလဲ ကျနော်တို့ မသိပါ။ အိမ်ထောင်စုစာရင်းနဲ့ လူ အတူရပ်ပြကြရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အခုလို တအိမ်တက်ဆင်းရှာဖွေနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတာပါ။

“အဓိက သူတို့စစ်ဆေးနေတဲ့ နေရာတွေက ဘူးသီးတောင်-အငူမှော်လမ်းမှာရှိတဲ့ ကျေးရွာအုပ်စုက ကျေးရွာတွေနဲ့ စိုင်းဒင်ချောင်းဝမှာရှိတဲ့ ကျေးရွာအုပ်စုက ကျေးရွာတွေကို အဓိကထား ရှာဖွေနေကြတာ” လို့ အလယ်ချောင်းကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က မြောင်းနားကမ်းကျေးရွာနေ အသက် ၄၇ နှစ်အရွယ် မာမတ်တော်ယုပ်ကို ARSA နဲ့ ပတ်သက်လို့ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သလို မေ ၂၃ ရက် မနက်ပိုင်းကလည်း ARSA နဲ့ပတ်သက်ပြီး မွတ်ဆလင်အမျိုးသားနှစ်ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ မွန်းလွဲပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ARSA အဖွဲ့ ခေါင်းဆောင်တွေ အပါအဝင် အင်အား ၅၀ ကျော်လောက်ရှိတဲ့ အဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ မွတ်ဆလင်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လ အတွင်းမှာလည်း ARSA အဖွဲ့က ဆိုက်ကယ်တွေနဲ့ ဘူးသီးတောင်-အငူမှော်လမ်းတလျှောက်ရှိ ကျေးရွာတွေအတွင်း သွားနေကြတဲ့ ဗွီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် တက်လာပြီးနောက် အခုလို လမ်းတလျှောက်ရှိ ကျေးရွာအုပ်စုတွေကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေနေတာလို့ အမည်မဖော်လိုတဲ့ ဒေသမှာတာဝန်ကျတဲ့ စစ်ကောင်စီ အရာရှိတဦးက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013