DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် မော်တော်များဖြင့် စုန်ဆင်းလာမှုကြောင့် ချင်းတွင်းမြစ်ဘေးနေ ဒေသခံများ တိမ်းရှောင်
DVB
·
May 25, 2022
စစ်ကောင်စီတပ် မော်တော်များဖြင့် စုန်ဆင်းလာမှုကြောင့် ချင်းတွင်းမြစ်ဘေးနေ ဒေသခံများ တိမ်းရှောင်
Donate to DVB

ချင်းတွင်းမြစ် အထက်ပိုင်းကနေ စစ်ကောင်စီ မော်တော် ၅ စီးဟာ ဒီနေ့ မေ ၂၅ ရက်‌ မနက်ခင်းပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အထက်ကင်းကျေးရွာအနီး ရောက်ရှိလာတာကြောင့် ချင်းတွင်းမြစ်ဘေး ကျေးရွာတွေကပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်ကနေ မင်းကင်း ပန်းဆက်-တောင်ဖြူရွာမှာ စခန်းချနေထိုင်ခဲ့ပြီး ဒီနေ့မှာ ကနီမြို့နယ်ဘက်ကို စုန်ဆင်းလာတာလို့ သိရပါတယ်။

ကင်းဒေသခံ ရွာသူတဦးက "သူတို့လာရင် ကမ်းနဖူးက ရွာတွေကို အလိုလိုနေရင်း ရမ်းသန်းပစ်တာတွေ လုပ်တာကြောင့် အခုလို ရှောင်နေရတယ်။ အရင်အခေါက်တွေကလည်း အဲလိုပစ်တာတွေ ရှိတယ်။ အစုန်ရော၊ အဆန်ရော အဲလိုလုပ်ရပ်တွေက စစ်ကောင်စီက လုပ်ခဲ့တာတွေရှိတော့ ကြိုရှောင်ရတာပေါ့။ အခုရှောင်နေရတာကတော့ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်အစပ်က မီချောင်းတွင်းရွာ၊ ကင်း၊ ယင်း၊ ကျောက်လှေကားရွာတွေကတော့ လက်ရှိ စစ်ဘေးရှောင်နေရပြီရှင့်။ ကျမတို့ အောက်ဘက်ကရွာတွေလည်း စစ်‌ဘေး‌ရှောင် ထွက်ပြေးဖို့ရာ ပြင်ဆင်နေကြရတယ်။ ကျမတို့ ကင်းရွာကို အရင်တခေါက် စုန်ခဲ့တုန်းက လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်တာ ခံခဲ့ရတယ်။ အိမ်တွေပျက်စီးတာတွေ၊ ဘုရားတွေ ပျက်စီးတာတွေ ရှိခဲ့တယ်ရှင့်။ အဲလိုတွေ ထပ်လုပ်မှာကြောက်လို့ အခုလို ရှောင်ရတာပါ" လို့ ပြောပါတယ်။

အခု ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ဖလပ်မော်တော်တွေဟာ အဆန်ခရီးစဉ်တုန်းက ကနီမြို့နယ်အတွင်းက မုဌေါရွာ၊ နတ်ကြီးရွာ၊ ငါးဖျတ်ရွာ၊ မဲဒင်ရွာနဲ့ မင်းကင်းမြို့နယ်အတွင်းက ဘင်၊ အနောက်တောရွာ စတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013