DVB Logo
Home
မြန်မာသတင်း
ကယန်းဒေသအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ ခွင့်ပြုချက်ယူရန် ကယန်းပြည်သစ်ပါတီ ထုတ်ပြန်
DVB
·
May 25, 2022
ကယန်းဒေသအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ ခွင့်ပြုချက်ယူရန် ကယန်းပြည်သစ်ပါတီ ထုတ်ပြန်
Donate to DVB

ကယန်းဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့တွေကလွဲလို့ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့တွေအနေနဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာ ခွင့်ပြုချက်ရယူဖို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက ထုတ်ပြန်ကြေညာပါတယ်။

ကယန်းပြည်သစ်ပါတီနဲ့ ညှိနှိုင်းတိုင်ပင်တာ၊ ခွင့်ပြုချက်ရယူတာ တစုံတရာမရှိဘဲ ဆောင်ရွက်ချက်မှန်သမျှကို တာဝန်ယူဖြေရှင်းမှာမဟုတ်ကြောင်းလည်း ပါတီဗဟိုက မေလ ၂၄ ရက်နေ့စွဲနဲ့  ထုတ်ပြန်ထားပါတယ်။

ကယန်းဒေသတွင်း နိုင်ငံရေး၊ လူမှုရေးအသင့်အဖွဲ့အနေနဲ့ ကယန်းပြည်သစ်ပါတီနဲ့ မညှိနှိုင်း မတိုင်ပင်ဘဲ အတိုင်းအတာကျော်လွန်တဲ့အထိ ဆောင်ရွက်ပြုမူခြင်းတွေကို တားမြစ်လိုက်ကြောင်းလည်း ထုတ်ပြန်တားပါတယ်။ 

ကယန်းပြည်သစ်ပါတီကို ၁၉၆၄ ခုနှစ်က ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးတပ်တွေကို စုစည်းကာ နိုင်ငံရေးပါတီတရပ် တည်ဆောက်ဖို့ ရည်ရွယ်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ 

၁၉၉၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် နဝတ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး  အပစ်ခတ်ရပ်စဲရေး ရယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013