DVB Logo
Home
Lead Story
ဖယ်ခုံတိုက်ပွဲ၌ ဒဏ်ရာရ PDF ရဲဘော်များကို FTTE လူငယ်အဖွဲ့က ထောက်ပံ့
DVB
·
May 25, 2022
ဖယ်ခုံတိုက်ပွဲ၌ ဒဏ်ရာရ PDF ရဲဘော်များကို FTTE လူငယ်အဖွဲ့က ထောက်ပံ့
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်အရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှုခံယူနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်(PDF) ရဲဘော်တွေရဲ့ကို Fight Till The End (FTTE) လူငယ်အဖွဲ့က မေ ၂၄ ရက်မှာ  ထောက်ပံ့ကူညီခဲ့ပါတယ်။

Fight Till The End (FTTE) လူငယ်အဖွဲ့ကို ၂၀၂၁ ခုနှစ်၊  အောက်တိုဘာလက ရန်ကုန်မြို့မှာ စတင်ဖွဲ့ခဲ့ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် တော်လှန်တိုက်ပွဲဝင် နေကြတဲ့ အင်အားစုတွေကို ထောက်ပံ့ပေးခဲ့တာ  ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ရှိခဲ့ပြီလို့ အဖွဲ့၀င်တွေက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နေတဲ့ FTTE အဖွဲ့၀င်တွေကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပြီး ရှာဖွေဖမ်းဆီးနေတာကြောင့် အဖွဲ့အားလုံးနီးပါး တိမ်းရှောင်ကြရပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ မေလ ဒုတိယပတ်ကစတင်ကာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ပစ္စည်းတွေ ဖောက်ထွင်းယူဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013