DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၈ ဦးထက် မနည်းဒဏ်ရာရ
DVB
·
May 24, 2022
ထန်တလန်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး၊ ၈ ဦးထက် မနည်းဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ် ထန်တလန်မြို့မှာ  မေ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ မြို့တွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၈ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ထန်တလန်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက်ပိုင်း ၆ နာရီလောက်ကစပြီး ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်ထဲ ထိုးစစ်ဆင်လာတာကြောင့် CDF-ထန်တလန်နဲ့ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၈ ယောက်ထက် မနည်း ဒဏ်ရာရရှိခဲ့ပြီး CDF-ထန်တလန် တပ်ဖွဲ့မက ရဲဘော် ၄ ယောက် ဒဏ်ရာရရှိခဲ့ကာ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထန်တလန်မြို့အမှတ် ၁ ရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အတော် များများ မီးလောင်ပြာကျသွားခဲ့တယ်လို့ CDF-ထန်တလန်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ မနေ့က မေ ၂၃ ရက်နေ့အထိ  ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ၂၈ ကြိမ်လောက် မီးရှို့ဖျက်ဆီးခဲ့ကြလို့ ဘုရား ကျောင်း ၈ ကျောင်းအပါအဝင် လူနေအိမ်ခြေ ၁ ထောင်ကျော် မီးလောင်ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

ထန်တလန်မြို့မှာ အိမ်ခြေ နှစ်ထောင်ကျော်ရှိပြီး လူဦးရေ ၁ သောင်းလောက် နေထိုင်ကြကာ စစ်ကောင်စီတပ်​တွေ ထိုးစစ်ဆင်တိုက်ခိုက် မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ နယ်စပ်ဘက်တွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ အမြဲတမ်းငြင်းဆန်လေ့ရှိသလို PDF တပ်ဖွဲ့တွေက ပြုလုပ်တာလို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုလေ့ရှိပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတယ်လို့ CDF-ထန်တလန်ရဲ့ တာဝန် ခံက ပြောဆိုထားပေမဲ့ ဒီဗွီဘီက သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013