DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် လွိုင်ကော် PDF က ရောင်းချသည့် တောင်တန်းဂီတလက်မှတ် ကန်ဒေါ်လာ ၁၀၀ မှစတင်ဝယ်ယူနိုင်
DVB
·
May 24, 2022
တော်လှန်ရေးအတွက် လွိုင်ကော် PDF က ရောင်းချသည့် တောင်တန်းဂီတလက်မှတ် ကန်ဒေါ်လာ ၁၀၀ မှစတင်ဝယ်ယူနိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးအတွက် လွိုင်ကော် PDF က တောင်တန်းဂီတ လက်မှတ်တွေကို ဒီကနေ့ စတင်ရောင်းချနေပြီး လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ စတင်ပြီးတော့ အားပေးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

တောင်တန်းခရီးသွား လက်မှတ်ဆိုတာကတော့ လွိုင်ကော်မြို့အပါအဝင် နိုင်ငံအနှံ့က မြို့လေးတွေက လှပတဲ့နေရာတွေကို လည်ပတ်ဖို့အတွက် ခရီးသွား Package ပါဝင်တဲ့ လက်မှတ်ဖြစ်ကာ အရေးတော်ပုံအောင်တာနဲ့ စတင် အသက်ဝင်မယ်လို့ ဆိုပါတယ်။

အသွားအပြန် ကားလက်မှတ်၊ တည်းခို စားသောက် နေထိုင်၊ သွားလာမှုအပြင် လည်ပတ်စရာ နေရာတွေကိုပါ အစီအစဉ် ဆွဲပေးထားပြီး ထူးခြားချက်ကတော့ အရေးတော်ပုံကာလမှာ တိုက်ပွဲဖြစ်ခဲ့၊ မီးလောင်ခဲ့၊ ပျက်စီးခဲ့၊ စစ်မြေပြင် ဖြစ်ခဲ့တဲ့ နေရာတွေဆီကို ခရီးထွက်ရဖို့ စီစဉ်ပေးမှာ ဖြစ်တဲ့အပြင် တော်လှန်ရေး ရဲဘော်တွေ နေခဲ့တဲ့နေရာတွေမှာ ရဲဘော်တွေ အိပ်ခဲ့တဲ့ တဲတွေနဲ့ ညအိပ်ကြည့်ဖို့၊ ထမင်းထုတ်တွေ စားကြည့်ဖို့ စတဲ့ အစီအစဉ်တွေနဲ့အတူ ရဲဘော်တွေရဲ့ ဘဝအတိုင်း နေကြည့်ဖို့ ပြန်ဖန်တီးပေးမယ့် အစီအစဉ်တခုဖြစ်တယ်လို့ ဆိုပါတယ်။

ဝယ်ယူနိုင်မယ့် လက်မှတ်အမျိုးအစားနဲ့ ဈေးနှုန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀၀၊ ၂၀၀ နဲ့ ၃၀၀ စီအသီးသီး သတ်မှတ်ထားပြီး နွေဦးတော်လှန်ရေးအတွက် တထောင့်တနေရာကနေ အားပေးထောက်ပံ့ကူညီလိုသူတွေအနေနဲ့ PDF Loikaw page ကတဆင့် ဆက်သွယ်နိုင်မှာဖြစ်ကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေအပြင် အနောက်ဉရောပနဲ့ အမေရိကန်စတဲ့ နိုင်ငံတွေ အသီးသီးကတဆင့်လည်း အားပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီရောင်းချမှုကိုတော့ ပြည်တွင်းဘဏ်တွေရဲ့ အခက်အခဲကြောင့် ပြည်ပဘဏ်တွေနဲ့သာ ချိတ်ဆက်ဝယ်ယူလို့ ရနိုင်မှာဖြစ်တာမို့ နားလည်ပေးကြဖို့နဲ့ နိုင်ငံခြားမှာရှိတဲ့ ရင်းနှီးတဲ့ အသိမိတ်ဆွေတွေကနေတဆင့် ဆက်သွယ် ဝယ်ယူပေးစေလိုကြောင်းလည်း လွိုင်ကော် PDF က တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ဒေသဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေနဲ့ မထိုက်တန်ပါဘူး။ ငြိမ်းချမ်းမှု နဲ့သာ ထိုက်တန်ပါတယ်။ ဒီစစ်ပွဲတွေ အမြန်အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်… လက်မှတ်များ ဝယ်ယူအားပေးခြင်းဖြင့် PDF လွိုင်ကော်နဲ့ ကရင်နီပြည်ကို ထောက်ပံ့ကူညီပေးကြဖို့ အထူး တိုက်တွန်းလိုက်ရပါတယ်။ 

“အမှောင်လမ်း ဆီက

အောင်ပန်း ချီ မ မယ့်

တောင်တန်း ဂီတ”

လက်မှတ် ဘယ်လို ဝယ်ရမလဲ?

အဆင့် (၁) -  ဟောဒီ PDF Loikaw page ရဲ့ messenger ကို စာပို့ပြီး ဘဏ့်အကောင့်ကို တောင်းပေးပါ။ ရရှိမယ့် ဘဏ့်အကောင့်တွေက 

အာရှနိုင်ငံများဖြစ်တဲ့ . . 

Thailand

Singapore

Malaysia

Japan

Korea

အနောက်နိုင်ငံများဖြစ်တဲ့ . . 

Europe 

USA

နိုင်ငံတွေရဲ့ ဘဏ့်အကောင့်တွေပဲ ဖြစ်ပါတယ်။ မိမိအဆင်ပြေရာ ဘဏ့်အကောင့်ကို တောင်းယူ နိုင်ပါတယ်။

အဆင့် (၂) - page admin က ပို့လာတဲ့ bank acc ကို ငွေအရင်ဆုံးလွှဲရမှာ ဖြစ်ပါတယ်။ 

အဆင့် (၃) - ငွေလွှဲလိုက်တဲ့ screenshot ကို PDF Loikaw Facebook Page ရဲ့ Messenger ကို ပို့ပေးပါ။

အဆင့် (၄) - Screenshot ကို ပို့လိုက်တဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ခံတယောက်က Link လေးတခု ပေးပါလိမ့်မယ်။ အဲ့ဒီ Link လေးထဲ ဝင်ပြီး မိမိရဲ့ အမည်၊ မှတ်ပုံတင် အမှတ်ရဲ့ နောက်ဆုံး နံပါတ် ၄ လုံး၊ Email နဲ့ အခြား ဆက်သွယ်ရမယ့် လိပ်စာတခုကို ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်။

အဆင့် (၅) - ဒါပြီးရင်တော့ လက်မှတ်ဝယ်ယူခြင်းအစီစဉ်က ပြီးဆုံးပြီဖြစ်ပြီး မကြာခင်မှာ လက်မှတ် ပြန်ပို့လာပါလိမ့်မယ်။ လက်မှတ်ကို ၁၀ ရက်တွင်း အရောက်ပို့ပေးမှာ ဖြစ်ပါတယ်။ 

အကယ်လို့ အသေးစိတ် သေချာ သိချင်တယ်ဆိုရင်လည်း page admin ကို မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013