DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပြည်သူ ၂ ဦးကို ပျူစောထီးအဖွဲ့ ဖမ်းဆီး
DVB
·
May 24, 2022
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက ပြည်သူ ၂ ဦးကို ပျူစောထီးအဖွဲ့ ဖမ်းဆီး
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာနေ ပြည်သူ ၂ ဦးကို မေ ၂၃ ရက် ညနေပိုင်းမှာ ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးလောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးကျော်စိုးနဲ့ အသက် ၆၀ အရွယ် ဒေါ်ကမ်း တို့ဖြစ်ကြပြီး ဘာကြောင့် အခုလို အဖမ်းခံရတယ်ဆိုတာ မသိရသေးပါဘူး။

ဒေသခံတဦးက “ဖမ်းပြီး နှစ်ယောက်စလုံးကို ပျူစောထီးတွေ စခန်းချနေတဲ့ စက်ရုံဟောင်းကို ခေါ်သွားတယ်၊ အခုတော့ လောင်းလုံး စရဖရုံးက လာခေါ်သွားပြီ၊ မျက်နှာ အဝတ်စစည်းပြီး ခေါ်သွားတယ်လို့ကြားတယ်” လို့ ပြောပါတယ်။

ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးလောက်နဲ့ ရွာအနီးရှိ တောင်ပေါ်စခန်းတခုမှာ စစ်ကောင်စီတပ်သား ၂၀ လောက်ရှိပြီး ငါးဖမ်းလှေတွေမှာ ဆက်ကြေးကောက်တာ၊ ကျေးရွာအတွင်း လောင်းကစားဝိုင်းတွေထောင်ပြီး ပိုက်ဆံကောက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ရွာခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာလည်း ပြီးခဲ့တဲ့ ၂ လလောက်က စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေက ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ရွာခံအများစု ကြောက်လန့်ပြီး နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပေးထားတာမရှိဘူးလို့ ငြင်းဆိုထားပေမယ့် လောင်းလုံးမြို့နယ်အတွင်းမှာတော့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေက​ ရဲစခန်းတွေကို ဝင်ထွက်သွားလာတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013