DVB Logo
Home
Lead Story
NUCC တွင် NLD ပါတီဝင်များ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်နေ- ဦးအောင်ကြည်ညွန့်
DVB
·
May 23, 2022
NUCC တွင် NLD ပါတီဝင်များ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်နေ-  ဦးအောင်ကြည်ညွန့်
Donate to DVB

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို ဒီဗွီဘီက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။   ။ NUCCကနေ NLD ပါတီ နုတ်ထွက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ပြောပေးပါဉီး။

ဖြေ။    ။ဖြစ်စဉ်က အဲဒီလိုမျိုးမှ မဟုတ်တာ။ NLD က NUCC ညီလာခံ ကျင်းပတဲ့အခါတုန်းက ညီလာခံထဲမှာပါဝင်တဲ့ အဖွဲ့အစည်းတွေက တချို့ကျတော့ လုံခြုံရေးအရ ပြည်တွင်းထဲမှာလည်း ရှိနေတဲ့အခါကျတော့ သူတို့ရဲ့ အမည်တွေကို မဖော်ပြဘဲနဲ့လည်း ပါဝင်လို့ရတယ်။ လက်မှတ်ရေးထိုးစရာလည်း မလိုဘူးဆိုတဲ့အနေအထားမျိုးရှိတဲ့အတွက် ညီလာခံမှာကတည်းကိုက ပါတီဆိုင်ရာအစုအဖွဲ့မှာ NLD အမည်ကို ထုတ်ပြီးတော့ မဖော်ပြခဲ့ဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ ပြည်တွင်းထဲမှာရှိနေတဲ့ NLDတွေအားလုံးမြင်နေတဲ့အတိုင်းပဲ။ ဒါနဲ့တောင်မှ NLDတွေက ပြည်တွင်းထဲမှာဆိုရင် NLDတွေရော၊ NLD အလုပ်မှုဆောင်တွေရော၊ သက်ဆိုင်တဲ့ ပတ်သက်တဲ့သူတွေအားလုံးကိုရော ရွေးထုတ်ပြီးတော့၊ Target ထားပြီးတော့ လုပ်ကြံသတ်ဖြတ်ခြင်းတောင် ခံနေရတဲ့အနေအထားမျိုးမှာရှိတယ်။ တကယ်တော့ နုတ်ထွက်တယ်ဆိုတာ နဂိုကတည်းကိုက ဟိုဟာဖြစ်လို့ဆိုပြီးတော့ နုတ်ထွက်တာမဟုတ်ဘူး။

အခုအခြေအနေကဘာလဲဆိုတော့ နောက်ထပ် ဒီ NUCC ရဲ့ ပါတီဝင်တွေကို ကိုယ်စားပြုပြီးတဲ့အခါမှာ CRPH ကလည်း ဒါက NLD အများစုပါပဲ။ CRPHက အခု NUCCရဲ့ ကောင်စီစာရင်းထဲမှာလည်း အပြည့်အစုံပေးတယ်။ NUCCအဖွဲ့အစည်းတွေက Joint Committee တွေပေါ့နော်။ ပူးပေါင်းကော်မတီတွေရဲ့ ကိုယ်စားလှယ်မှာလည်း ပေးပြီးဆောင်ရွက်နေတယ်။ NLD အနေနဲ့ကျတဲ့အခါကျတော့ NLD ပါတီရဲ့မူဝါဒရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး CECအစည်းအဝေးရဲ့ လွတ်လပ်ပွင့်လင်းစွာအစည်းအဝေးအဝေးမထိုင်နိုင်သေးခင်ကာလမှာ မူဝါဒရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ သီးခြားဆုံးဖြတ်ခွင့်ပေးအပ်ထားတာ မရှိဘူးဆိုတဲ့အနေအထားနဲ့ ရပ်တည်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ NUCCရဲ့ အမည်စာရင်းထဲမှာ အမည်စာရင်းမပေးတာပဲရှိတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ အနေအထားမျိုးတွေရှိပါတယ်။ နုတ်ထွက်သွားခဲ့တယ်ဆိုတဲ့ ပုံစံမျိုးကတော့မဟုတ်ပါဘူး။ အဲ့ဒါနားလည်မှုလွဲပြီး ထုတ်ပြန်တဲ့စကားလုံးတွေဖြစ်နေတာဗျ။

မေး။    ။ ဆိုလိုတာက NUCCမှာ NLDပါတီဝင်တွေက လွတ်လပ်စွာတော့ ပါဝင်နေကြတယ်။ ဒါပေမဲ့  NLDပါတီအနေနဲ့တော့ နဂိုကတည်းမပါဝင်ထားဘူးဆိုတဲ့သဘောမျိုးလား။

ဖြေ။    ။ ဟုတ်တယ်၊ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိတယ်။ ဘာလို့လဲဆိုတော့ NLDရဲ့ အနေအထားမျိုးက အခုအဓိကဘာလဲဆိုတော့ ဒီချာတာပေါ်မှာ မူတည်ပြီးတော့ ချာတာနဲ့အညီသွားမယ်ဆိုတာက ဒါအကြိမ်ကြိမ်ပြောထားပြီးသားပဲ။  ၂၀၀၈ အခြေခံဥပဒေကိုလည်းပဲ ပယ်ဖျက်ထားပြီးပြီဆိုတာကိုလည်း လက်ခံထားပြီးသား။ ဖက်ဒရယ်ပဋိညာဉ်နဲ့အညီ သွားဖို့ဆိုတာလည်း ရှိပြီးသားပဲ။ NUCCရဲ့ ကောင်စီဝင်စာရင်းထဲမှာ NLDပါတီကို ကိုယ်စားပြုတဲ့ အနေအထားမျိုးနဲ့ ကောင်စီဝင်အမည်စာရင်းမပေးတာပဲရှိပါတယ်။ တော်လှန်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်ဆိုတာကိုလည်း စာလည်းပို့ထားပြီးသားဖြစ်ပါတယ်။

မေး။ သီးခြားပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ အထူးတော့ မရှိပါဘူး။ နောက်ဆုံး ဒီအခြေအနေမျိုးမှာ ဒါကဖွတာပါ။ တကယ်တမ်းကျတဲ့အခါကျတော့ အားလုံးမြင်တဲ့အတိုင်းပဲဗျာ။ NLD တွေက အောက်ခြေ မြေပြင်အနေအထားမျိုးမှာ အလွှာပေါင်းစုံ၊ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံမှာ အားလုံးကတော့ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာပဲ။ ပုဂ္ဂိုလ်ရေးအရ အားလုံးက ထက်ထက်မြက်မြက် သွားနေတာပဲ။ ပြည်သူအခြေပြုတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ သွားမယ်ဆိုတဲ့ဟာကို ပူးပေါင်းပါဝင်ဆောင်ရွက်နေကြတာတွေရှိတယ်။

အခုကတော့ မူဝါဒရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်လာတဲ့အခါမှာ နောင်မှာ ရှုပ်ထွေးလာမှာမျိုးတွေမရှိလာဖို့ရာအတွက်ကို CECရဲ့ လွတ်လပ်တဲ့အစည်းအဝေး မလုပ်ရသေးခင်အထိ မူဝါဒရေးရာကိစ္စရပ်တွေကို ဘယ်သူ့ကိုမှ ဆုံးဖြတ်ခွင့်ပေးမထားဘူးဆိုတဲ့ လက်ရှိပါတီရဲ့ အနေအထားမျိုးမှာ အများကြီးချင့်ချိန်စဉ်းစားပြီးတော့ ဆောင်ရွက်တဲ့သဘောမျိုးပဲ ရှိပါတယ်။ တော်လှန်ရေးထဲမှာဆက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှာဖြစ်သလို။ ဖက်ဒရယ်ပဋိညာဉ်နဲ့သွားမယ်ဆိုတာလည်း အကြိမ်ကြိမ်ပြောဆိုထားပြီးဖြစ်ပါတယ်ဗျ။

မေး။ ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013