DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့က ကောင်းထက်မိတ္တူဆိုင်တွင် ပေါက်ကွဲမှုဖြစ်၊ ၂ ဦး ဒဏ်ရာရ
DVB
·
May 22, 2022
မုဒုံမြို့က ကောင်းထက်မိတ္တူဆိုင်တွင် ပေါက်ကွဲမှုဖြစ်၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့၊ မုဒုံ-သံဖြူဇရပ်လမ်းမကြီး(မော်-သံလမ်း)ဘေးက ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးအောင်မြင့်ရဲ့နေအိမ်မှာ ဖွင့်ထားတဲ့ ကောင်းထက်ကွန်ပျူတာမိတ္တူဆိုင်မှာ မေ ၂၂ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်အရှေ့ခြမ်းပြိုကျခဲ့ပြီး ဦးအောင်မြင့်အပါအဝင် ၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သူ့အိမ်က မုဒုံမြို့အဝင် သံတံတားနားက။ တရုတ်ဘုရားကျောင်းလည်းရှိတယ်။ ပြိုတာက အရှေ့မျက်နှာစာဘက်ခြမ်း၊ အိမ်စီးကားနဲ့ရဲတွေလာတယ်။ စစ်ကား ၂ စီးလာတယ်။ ၈ ယောက်လောက်ရှိမယ်။ အထဲမှာဝင်စစ်နေကြတယ်။ သူတို့အိမ်ပြိုတယ်။ လူ ၂ ယောက် ထိတယ်ကြားတယ်။ Ambulance ကားနဲ့ မော်လမြိုင်ဘက်တက်သွားတယ်။ မော်လမြိုင်ကို သွားလိုက်ပို့တယ်လေ။ ထိတာ ဒဏ်ရာက တော်တော်များတယ်ပြောတယ်။ ဦးအောင်မြင့်က သေတယ်လို့လည်း ပြောကြတယ်။ တိတိကျကျတော့မသိရသေးဘူး။ အဲ့ဒီအချိန်မှာ အုပ်ချုပ်ရေးမှူးရုံးက လူတွေလည်း ရှိနေတယ်" လို့ မုဒုံမြို့ခံတယောက်က ပြောပါတယ်။ 

ကောင်းထက်ကွန်ပျူတာ မိတ္တူဆိုင်ပိုင်ရှင် ဦးအောင်မြင့်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲအနိုင်ရထားသူဖြစ်ဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မုဒုံမြို့က စစ်တပ်အသိုင်းအဝိုင်းမှာ အရေးပါသူဖြစ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း Mudon People Defence Force က အနီးကပ်ဝင်ရောက်ဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပြီး ဦးအောင်မြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဦးအောင်မြင့်အပါအဝင် ၂ ယောက် ပြင်းထန်ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013