DVB Logo
Home
မြန်မာသတင်း
နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရှားဖိုရွာက ပြည်သူ ၃၀၀ ကျော် အကူအညီလိုအပ်နေ
DVB
·
May 22, 2022
နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရှားဖိုရွာက ပြည်သူ ၃၀၀ ကျော် အကူအညီလိုအပ်နေ
Donate to DVB

ပြီးခဲ့တဲ့ မေလလဆန်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှားဖိုရွာက ပြည်သူတွေ နေထိုင်စားသောက်ရေး အခက်အခဲကြုံနေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ရှားဖိုကျေးရွာအတွင်းက လူနေအိမ်အလုံး ၁၀၀ ကျော်နဲ့ စားသောက်ဖို့ သိုလှောင်ထားတဲ့ စပါးကျီတွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြတာကြောင့် ဒေသခံ စစ်ရှောင်တွေဟာ ပြန်စရာနေအိမ်မရှိတော့ဘဲ ကျေးရွာအနီးက ယာတောတွေမှာ ယာယီတဲတွေဆောက်လုပ်နေထိုင်ကြရပြီး အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"စစ်သားတွေက တခါမှ ရွာထဲကို စစ်ကြောင်းမထိုးဖူးဘူး၊ ရွာကိုလည်းမဝင်ဖူးဘူး၊ တခါမှလည်းမပြေးရဘူး၊ ဘေးရွာတွေကတော့ ပြေးကြရတယ်။ အခုလည်း ရွာကိုဝယ်မယ် မထင်လို့ ဘာမှမပြင်ဆင်ထားဘူး။ တကယ်တမ်းဝင်ပြီဆိုတော့ အပြေးတပိုင်း ပြေးခဲ့ကြရတာ ဘာမှပါမလာဘူး။  အခုအိမ်ကို မီးရှို့ခံရတော့ ပြန်စရာအိမ်လည်း မရှိတော့ တောထဲမှာပဲ နေကြရတော့တာ စားသောက်စရာလည်းမရှိတော့ အဆင်မပြေဘူး။” 

လက်ရှိမှာ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပရဟိတအသင်းတွေ မရှိတာကြောင့် ပိုမိုခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

ယာယီတဲတွေနဲ့ နေထိုင်နေကြရတဲ့ အဆိုပါစစ်ဘေးရှောင်စခန်းမှာ သက်ကြီးရွယ်အိုတွေ မွေးကင်းစကလေးငယ်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်မစွမ်းတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှားဖိုကျေးရွာကို စစ်ကောင်စီတပ်တွေက မေ ၁ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူဦးရေ ၃၀၀ ကျော် အခက်အခဲဖြစ်ပေါ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013