DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
DVB
·
May 21, 2022
နတ်တလင်းမြို့နယ်၌  မိုင်းဆွဲတိုက်ခိုက်ခံရပြီး  စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၂ ဦးဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ မေလ ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF ကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာကြားကို အင်အား ၁၃ ယောက်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို  မနေ့ညနေ ၃ နာရီလောက်မှာ MRF(နတ်တလင်း)က ပဒေသာမိုင်းဆွဲပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ MRF(နတ်တလင်း)ရဲ့ ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

“စစ်(...)တွေဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်ဗျ။ဒါပေမဲ့ ကျနော်တို့ဘက်က ​ပြောက်ကျားနည်းစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

MRF အနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ ဒေါက်တိုင်တွေကို ဆက်လက်ချေမှုန်းသွာမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ သူတို့နဲ့ ဝေးတဲ့နေရာတွေမှာနေပေးကြပြီး မိမိတို့ တတ်နိုင်တဲ့ နေရာကနေ တော်လှန်ရေးအတွက် ပံ့ပိုးကူညီပေးကြပါလို့ ပြောပါတယ်။

ကွေ့ကြီးရွာနဲ့ ညောင်လေးပင်ရွာကြားမှာ မေလ ၁၃ ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို MRF က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013