DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သား မောင်နှမ ထိုင်းထီ ပထမဆု ၂ စောင်ပေါက်၊ ဘတ် ၁၂ သန်းရရှိ
DVB
·
July 3, 2026
Photo:M.H.A.C
Photo:M.H.A.C
Donate to DVB

ဒီအပတ် ဇူလိုင် ၁ ရက်က ထွက်သွားတဲ့  ထိုင်းအစိုးရထီ ပထမဆု ပေါက်ဂဏန်း ၇၅၁၄၉၅ ကို မြန်မာရွှေ့ပြောင်းလုပ်သား မောင်နှမက ၂ စောင် ပေါက်သွားပြီး ဆုငွေ ဘတ် ၁၂ သန်း (သိန်း ၁၂၀) ရသွားပါတယ်။ 

အဆိုပါမောင်နှမဟာ ရခိုင်ပြည်နယ်ကဖြစ်ပြီး ထိုင်းအလယ်ပိုင်း စမွတ်စခွန်းမှာ ဆောက်လုပ်ရေး အလုပ်သမားအဖြစ် လုပ်ကိုင်နေတွေဖြစ်တယ်လို့  ဆုငွေထုတ်ယူရာမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ M.H.A.C  မဟာမိတ်အဖွဲ့ ထူထောင်သူ ကိုရဲမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ 

အဆိုပါ မောင်နှမဟာ  အိမ်ထောင်ဘက်ကိုယ်စီလည်းရှိလို့ စုံတွဲ ၂ တွဲက ထိုင်းထီ ၂ စောင်ကို စပ်တူထိုးခဲ့ကြတာဖြစ်တယ်။ ထီပေါက်ကြောင်း M.H.A.C အဖွဲ့ကို အကြောင်းကြားတာကြောင့် အဲဒီ ထီပေါက်တဲ့နေ့မှာပဲ ဆုကြေးငွေတွေကို နေ့ချင်းပြီး ကူညီထုတ်ပေးကာ ကံထူးရှင်လက်ဝယ် လွှဲပြောင်းခဲ့တယ်။ မြန်မာပြည်ရှိ မိဘဆွေမျိုးများထံလည်း ငွေလွှဲပြောင်းပေးဖို့ ကူညီစီစဉ် ပေးသွားမယ်လို့ ဆိုပါတယ်။

ကံထူးရှင် ၂ စုံတွဲကလည်း  M.H.A.C မဟာမိတ်အဖွဲ့ ရေရှည်ရပ်တည်နေထိုင်‌ရေး ရန်ပုံငွေ လှူဒါန်း ခဲ့သလို M.H.A.C အမာခံအဖွဲ့ဝင်တွေနဲ့ အခက်အခဲအမျိုးမျိုးကြောင့် သူတို့ရုံးမှာ လာရောက် ခိုလှုံနေရသူ ဒုက္ခသည်တွေအတွက်လည်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြပါတယ်။ 

AAC အဖွဲ့ကနေ ဒီနေ့ M.H.A.C  မဟာမိတ်အဖွဲ့ ဖြစ်လာသည်အထိ တာဝန်ခံ ထုတ်ယူပေးခဲ့ရတဲ့  ထိုင်းထီဘတ် ၆သန်းဆုဟာ  စုစုပေါင်း ၆၇ ကြိမ်အထိရှိလာခဲ့ပြီး ပထမဆု ၂ စောင်တွဲ ထုတ်ပေးမှု အကြိမ်ဟာလည်း ၁၁ ကြိမ်မြောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။    

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013