DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်သည့်ဆွေးနွေးပွဲ RCSS/ SSA ဥက္ကဋ္ဌ ပထမဆုံးတက်ရောက်
DVB
·
May 20, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်သည့်ဆွေးနွေးပွဲ  RCSS/ SSA ဥက္ကဋ္ဌ ပထမဆုံးတက်ရောက်
1 / 2
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကို မေလ ၂၀ ရက်  ဒီကနေ့မှာ ပထမဆုံးအနေနဲ့ အန်စီအေအပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဆွေးနွေးပွဲတက်ရောက်ဖို့  မနေ့ကတည်းက တာချီလိတ်ကနေ  နေပြည်တော်ကို လေကြောင်းနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တက်ရောက်မှာဖြစ်ပြီး  ကျန်အဖွဲ့တွေကိုတော့  ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားမှာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ စာရင်းပေးထားတဲ့အထဲက အဖွဲ့ ၃ ဖွဲ့က  ဥက္ကဋ္ဌတွေ ကိုယ်တိုင်လာတက်မှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အတွင်းရေးမှူးအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာပါ။

နေပြည်တော်ကို ဆွေးနွေးပွဲ ကိုယ်တိုင်လာတက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ထားတဲ့သူတွေလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့တွေ့ဆုံမယ့်အဖွဲ့တွေဟာ လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေမဟုတ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရဖို့ဆွေးနွေးကြတာမဟုတ်ဘဲ တစ်ဖွဲ့ချင်းစီရဲ့အကျိုးစီးပွားတွေအတွက် ဆွေးနွေးကြတာဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

တက်ရောက်ကြမယ့်အဖွဲ့တွေထဲမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့နဲ့ စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာတိုက်ပွဲမဖြစ်တော့တဲ့  ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) နဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ အပြင် စစ်တပ်နဲ့ စစ်ရေးတင်းမာမှုမရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  စတဲ့ ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတာပါ။ 

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013