DVB Logo
Home
မြန်မာသတင်း
သာကေတမြို့နယ်က အထည်ဆိုင်တခု ပစ်ခတ်ခံရသဖြင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
May 20, 2022
သာကေတမြို့နယ်က အထည်ဆိုင်တခု ပစ်ခတ်ခံရသဖြင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အရှေ့ရပ်ကွက် အောင်သပြေလမ်းနဲ့  စံပယ်လမ်းအနီးက အထည်ဆိုင်ကို မေ ၁၉ နေ့လယ်ပိုင်းက ကားတစီးပေါ်ကနေ သေနတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး‌ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေ့လယ်ပိုင်းက အထည်ဆိုင်ရှေ့မှာ ကားတစီးပေါ်ကနေ လာပစ်သွားတာ။ ဘာလို့ပစ်လဲ ဆိုတာတော့ မသိရဘူး။ အမျိုးသမီးငယ် ၁ ဦးသေတယ်။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်။”

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ တက္ကသိုလ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး ဒဏ်ရာ ရခဲ့သူတွေကတော့ ဦးလေးနဲ့ မိခင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်အပြီး  ကားအမြန်မောင်းသွားတဲ့အတွက်လည်း ဘယ်သူ ပစ်သွားတယ်ဆိုတာ မသိလိုက်ရဘူးလို့  ဒေသခံက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အထည်ဆိုင်ဟာ NLD ပါတီနဲ့ နီးစပ်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013