DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs ၁၀ ဖွဲ့ မေလ ၂၀ ရက်နေ့ စတင် တွေ့ဆုံမည်
DVB
·
May 19, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် EAOs ၁၀ ဖွဲ့ မေလ ၂၀ ရက်နေ့ စတင် တွေ့ဆုံမည်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တချို့နဲ့ မေလ ၂၀ ရက်နေ့ စတင်ပြီး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ မေလ ၁၉ ရက် ဒီနေ့ ပြုလုပ် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး အဲ့အထဲမှာ လားဟူဒီမိုကရက်တစ်အစည်းအရုံးရဲ့ တာဝန်ရှိသူ တယောက်က  တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာပြဿနာတက်ခဲ့တဲ့ လားဟူအဖွဲ့စည်းလည်း တက်ဖို့ရှိပါတယ်။ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက သူတို့ နှစ်ယောက်သဘောနဲ့ မတက်ဘူးလို့ ဆုံးဖြတ်တာ အတွင်းရေးမှူးကတော့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ထားတာ သူကိုယ်တိုင် လာတက်မှာပါ။ အားလုံး တွေ့ဆုံဖို့အတွက် ၁၀ ဖွဲ့ရှိမယ်။ မနက်ဖြန်မှာ စတွေ့ပါမယ်''လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေဆုံဖို့ စာရင်းပေးထားတဲ့ အထဲက အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဥက္ကဋ္ဌတွေ ကိုယ်တိုင်လာတက်မှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အတွင်းရေးမှူးအဆင့် ကိုယ်စားလှယ်လွှဲထားတဲ့သူတွေလာတက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013