DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်ကောင်စီတပ်မမှူး ကျဆုံးပြီးနောက် တပ်မ ၁၁ ကို ကျောက်ဖြူက ပြောင်းရွှေ့
DVB
·
March 17, 2026
Photo: APM
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ တပ်မ ၁၁ ကို အပြောင်းလဲလုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အခုမတ်လ ဒုတိယအပတ်ကနေ တပ်မ ၁၁ တခုလုံးကို ရုပ်သိမ်းသွားပြီး အကုန်အပြောင်းအရွှေ့လုပ်လိုက်တယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က  ပြောပါတယ်။

“သစ်ပုတ်တောင်ရေတပ်ဌာနချုပ်က တဆင့် စစ်သင်္ဘောနဲ့ ခေါ်သွားတယ်လို့သိရတယ်။ ဘယ်ကို ရွှေ့သွားတယ်ဆိုတာတော့ မသိရဘူး။”

တပ်မ ၁၁ ကို ဦးဆောင်ခဲ့တဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်ဟာ ၂၀၂၅ ခုနှစ် ကျောက်ဖြူ ရှေ့တန်းမှာ ကျဆုံးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောက်ဖြူရှေ့တန်း တပ်မ ၁၁  နေရာမှာ တောင်ကုတ်အခြေစိုက် တပ်မ စကခ ၅ မှ ထွက်ပြေးနောက်ဆုတ်သွားတဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် စုပေါင်းအင်အား ၄၀၀ လောက်ကို နောက်ထပ် မာန်အောင်မှတဆင့် သစ်ပုတ်တောင်ရေတပ်ဌာနချုပ်ကို ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။

“တပ်မ ၁၁ နေရာမှာ အစားထိုးတာ ထင်ပါတယ်။ မတ် ၁၄ ရက်နေ့က သစ်ပုတ်တောင်ရေတပ်ကို မာန်အောင်ကတဆင့် နေဗီရေတပ်နဲ့ အင်အား ၄၀၀  လောက် ရောက်လာတယ်။”

မတ် ၁၄ ရက်က သစ်ပုတ်တောင်ရေတပ် ဌာနချုပ်ကို အင်အားဖြည့်တင်းပြီးနောက် မတ် ၁၅ ရက် ညနေမှာ စစ်ကောင်စီတပ်နဲ့ AA တို့ သိုင်းချောင်းအနီး တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူနဲ့ စစ်တွေ ခရိုင်မြို့ကြီး ၂ မြို့မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ထိုးစစ်အပြန်အလှန်ရှိနေကြပြီး ပိတ်မိနေတဲ့ မြို့ခံတွေကြား စိုးရိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013