DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူ
DVB
·
May 19, 2022
မိုးကောင်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူ
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့သစ်ကြီးကျေးရွာကျောင်းတိုက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမ သက်‌တော် ၇၂ နှစ်၊ သိက္ခာတော် ၅၂ ဝါရှိ B.A (Hist,) ဟာ မန္တလေးမြို့ မြို့တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မေ ၁၇ ရက် ည ၁၁း၄၅ အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

"ဆရာတော် ပျံလွန်တော်မူသွားတာ ဟုတ်တယ်။ ဆရာတော်က အေးဆေးတည်ငြိမ်တယ်။ လူသားအကျိုးပြု လုပ်ငန်းတွေရော၊ ဘာသာရေးမှာရော အားထားရတဲ့ ဆရာတော်တပါး ဖြစ်တာမို့ ဝမ်းနည်းကြေကွဲနေရပါတယ်" လို့ ဆရာတော်ရဲ့ ဒကာတဦးက ပြောပါတယ်။

ဆရာတော်ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်တော်ကို မန္တလေးမြို့ လူမှုကူညီရေးအသင်း၊ မိုးကောင်းမြို့ ရင်ငြိမ်းပန်း လူမှုကူညီရေးအသင်းနဲ့ နမ္မတီးမြို့ ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းတို့မှ မော်တော်ယာဉ်တွေနဲ့ အဆင့်ဆင့် ပင့်ဆောင်လာပြီး ဆရာတော် သီတင်းသုံးနေထိုင်ရာ သစ္စာဝါဒီကျောင်းတိုက်ကို ညနေ ၅ နာရီတိတိမှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ဟာ မိုးကောင်းမြို့နယ်အတွင်းက စာသင်ကျောင်းတချို့မှာ စာသင်ခုံတွေ လှူဒါန်းတာ၊ နမ္မတီးမြို့ရှိ ကြိုးတံတားတွေကို ဦးဆောင်ပြုပြင်တာ၊ ကလေးတွေကို ယဉ်ကျေးလိမ္မာ သင်ကြားပေးတဲ့ သြဝါဒဆရာတော် ဖြစ်တာ စတဲ့ လူအများနဲ့ဆိုင်တဲ့ ကုသိုလ်ရေးတွေ၊ လူသားအကျိုးပြု လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

နိဗ္ဗာန်စံကျောင်းတော်ကို မြစ်ဖျားဧရာ သိမ်ကျောင်းမှာ ထားရှိမှာဖြစ်ပြီး အန္တိမအဂ္ဂိပူဇာ ဈာပနအခမ်းအနားကို ၂၀၂၂ ဇွန်လမှာ ကျင်းပမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013