DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ
DVB
·
May 18, 2022
ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို မေ ၁၇ ရက် ညနေ ၄ နာရီလောက်က မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခဲ့တယ်လို့ Chindwin Tiger Force က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို တာဝေးပစ် ရှော့တိုက်ဒုံးတွေ၊ HPM-01 ရှော့တိုက်ဒုံး၊ ၆၀ မမ၊ ၄၀ မမ ဗုံးသီးလောင်ချာ၊ ပြောင်းတိုက်တွေနဲ့ အနီးကပ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု များပြားနိုင်ပြီး မဟာမိတ်ရဲဘော် PDF တဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်လို့ သိရပါတယ်။

Chindwin Tiger Force တာဝန်ရှိသူတဦးက “မိုးတွေ လေတွေ ကျနေတဲ့ကြားက တိုက်ခဲ့ရတာပါ။ တာဝေးပစ်တွေနဲ့ အဆင်ပြေခဲ့တယ်။ ကျနော်တို့တွေ တော်တော် အားရခဲ့ကြတယ်။ ကျနော်တို့မှာ လူအင်အားက များတယ်။ လက်နက်အင်အား လုံလောက်မှုမရှိတဲ့ကြားက စစ်အာဏာရှင်ကို ရသမျှ တွန်းလှန်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးကို အထူးအာရုံစိုက်ပြီး တိုက်ပွဲဝင်နေတဲ့ PDF တွေနဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ လက်နက် ကျည်အင်အား အားနည်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးစေချင်ပါတယ်လို့ Chindwin Tiger Force တာဝန်ရှိသူက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013