DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
May 18, 2022
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မြသိန်းတန်ဘုရားကုန်းပေါ်က ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့ မေ ၁၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Kani Peoples' Defense Force - KLG က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့က အရင်ဆုံး တိုက်မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒီမနက် သူတို့ အတော်အထိနာတယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ပါဘူး" လို့ KLG တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့ မနက် ၈ နာရီလောက်မှာ ရေဘုတလင်ရွာအတွင်း နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့ပြီး အပြန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်မိုင်း ၅ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး နောက်ထပ်တကြိမ် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝါးချောင်းရွာဘက်က နေအိမ်တွေကို ထပ်မံမီးရှို့သွားတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို KLG PDF၊ M&K the Boy၊ People Defence Army Yinmarbin (PDA) နဲ့ ဒေသခံ ပကဖအဖွဲ့တွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မနေ့ မေ ၁၇ ရက်က စတင်ကာ ဘုတလင်မြို့နယ်ကနေ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် အင်အားဖြည့် ဝင်ရောက်လာခဲ့ပြီး စစ်ကြောင်းထိုးကာ ရွာတချို့ရှိ နေအိမ်တွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013