DVB Logo
Home
Lead Story
တဘက်မှာ လက်သီးဆုပ်ရင်း တဘက်မှာ လက်ဖြန့်ထားတဲ့တိုင်းပြည်
DVB
·
May 18, 2022
တဘက်မှာ လက်သီးဆုပ်ရင်း တဘက်မှာ လက်ဖြန့်ထားတဲ့တိုင်းပြည်
Donate to DVB

လက်ရှိ မြန်မာနိုင်ငံဟာ ပြည်တွင်းက စစ်အခွင့်ထူးခံအာဏာရှင်စနစ်နဲ့ အသားထဲကလောက် စွမ်းအားရှင်၊ အစွန်းရောက် မဘသ၊ လက်ပတ်နီ၊ ပျူဒလန် သွေးသောက်၊ စွန်ရဲစတဲ့ သွေးဆိုး ပြည်ပုပ် အမျိုးယုတ်ရန်သူတွေအပြင် တရုတ်နိုင်ငံလို အိမ်နီးနားချင်းကောင်း မပီသတဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေရဲ့ ရန်စွယ်အသွယ်သွယ်ကြားမှာ ကြံ့ကြံ့ခံခုခံတော်လှန် ရပ်တည် ရင်ဆိုင်နေရတဲ့ တိုင်းပြည်ဆိုတော့ လက်တဘက်က မတရားမှုကို ဆန့်ကျင်တွန်းလှန်ဖို့ လက်သီးကို ကျစ်ကျစ်ပါအောင် တဘက်မှာ ဆုပ်ထားရင် နောက်လက်တဘက်က မိတ်ကောင်းဆွေကောင်းတွေ၊ အမြင်မှန်ရလို့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို လက်ကမ်းဖို့ လက်ဖြန့် ကြိုဆိုနေရတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့သီတင်းအပတ်အတွင်း အမေရိကန်အစိုးရရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ ဝါရှင်တန်မြို့ကို ရောက်ရှိခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန်၊ အနာဂတ်တွေဟာ မလုံခြုံ မရေရာတဲ့ အခြေအနေ၊ ကျမ ခရီးစဉ် mission ဟာလည်း အဲဒီ အခြေအနေတွေ ကြားကနေ ဖြစ်အောင် စီစဉ်ခဲ့ရတာဆိုတော့ ဟိုးအရင့်အရင် ဝါရှင်တန်ကို လာရ သွားရတဲ့ အခြေအနေအချိန်အခါတုန်းက စိတ်ခံစားမှုနဲ့ မတူဘူး။ တူတာတခုက ကိုယ်အနှစ်သက်ဆုံး နေရာကို ရောက်အောင်သွားဖြစ်ခဲ့တာတော့ တူတယ်။ တဘက်က လက်သီးဆုပ်ထားတယ်၊ တဘက်က လက်ဖြန့်ထားတယ်၊ ခြေထောက်အနေအထား အထားအသိုက အစ လင်ကွန်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို ထင်ဟပ်ထားတယ်”လို့ ဆိုပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတ (၁၇၈၉ ~၁၇၉၇) လည်းဖြစ်ပြီး အမေရိကန်နိုင်ငံ တည်ထောင်သူ ဖခင်ကြီးဖြစ်တဲ့ ဂျော့ခ်ျဝါရှင်တန်ဟာ အမေရိကန် လွတ်‌မြောက်ရေး တော်လှန်ရေးတပ်နဲ့ ဂရိတ်ဗြိတိန်သစ္စာခံတပ်တွေ တိုက်ခိုက်ကြတဲ့ စစ်ပွဲအတွင်းမှာ အမေရိကန်မှာ ရှိတဲ့ ဗြိတိသျှကိုလိုနီပြည်နယ် ၁၃ ပြည်နယ်က အမေရိကန်မျိုးချစ်အင်အားစုတွေကို စုစည်းပြီး တွန်းလှန်တိုက်ခိုက်လို့ ပထမအင်္ဂလိပ်အင်ပါယာကို တိုက်ဖျက်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံကို လွတ်လပ်သောနိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့ပါတယ်။

သေချာဝာာကတော့ ဂျော့ခ်ျဝါရှင်တန်ဟာလည်း အဲဒီစစ်ပွဲအတွင်းမှာ မြောက်မြားစွာသော အမေရိကန်ပြည်နယ်တွေကို စုစည်းညီညွတ်ဖို့ လက်ဖြန့်ကြိုဆိုရင်း တခြားလက်တဘက်က ဗြိတိသျှ ကိုလိုနီနယ်ချဲ့ကို လက်သီးဆုပ်ပြီး အပြင်းအထန် တိုက်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ကိုယ်စားလှယ် တချို့ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမဲန် (Wendy Sherman) က မေလ ၁၂ ရက် မနေ့က တွေ့ဆုံခဲ့ရင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ကြမ်းတမ်းရက်စက်တဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အခိုင်အမာ ထောက်ပံ့ကူညီသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်အောင် အားပေးဖေးမသွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုဟာ အာဆီယံနဲ့ အခြားသော မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကို ကတိပြု ပြောကြားသွားခဲ့ပါတယ်။ 

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ် စာနာ တဲ့မိတ်ဆွေနိုင်ငံတွေ၊ မိတ်ဆွေစစ်အဖွဲ့အစည်းတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ လက်တွဲဖို့ လက်ဖြန့်ထားတာမို့ ယုံကြည်စွာလက်တွဲပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်နိုင်မယ့် အလားအလာကောင်းပဲ ဖြစ်ပါတယ်။။ 

တချိန်တည်းမှာ မတရားမှု ကျူးလွန်နေတဲ့ စစ်အကြမ်းဖက်ကောင်စီကို မဆန့်ကျင်၊ မတိုက်ခိုက်ရဲတာမို့ ၂၀၂၁ မှာ စတင်ခဲ့တဲ့ မြန်မာနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ဖက်ဆစ် အာဏာရှင်စနစ်ကို ဖျက်သိမ်းတွန်းလှန်စစ်ပွဲမှာ တိုင်းရင်းသား ပြည်သူလူထု အများစုနဲ့အတူ မပူးပေါင်းလာသေးတဲ့ တခြားသော လူမျိုးရေး လက်နက်ကိုင်တော်လှန်ရေး အုပ်စုတွေကိုလည်း လက်ဖြန့်ကြိုဆို တံခါးဖွင့်ထားပါသေးတယ်။

တခြားတဘက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ KNU ၊ KIA ၊ CNF ၊ KNPP စတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ၊ PDF  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူလူထုအပေါ် ဘီလူးသဘက်တွေလို ကမ်းကုန်အောင် ရိုင်းစိုင်းယုတ်မာစွာ သတ်ဖြတ်နေတဲ့ ဖက်ဆစ်မိစ္ဆာစစ်တပ်ကို ချေမှုန်းဖယ်ရှားဖို့ ပြည်သူနဲ့ တသားတည်း ပေါင်းစည်းရင်း လက်သီးဆုပ်တွေ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ညီညွတ်စွာ တွန်းလှန်နေကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ တဘက်မှာ လက်သီးဆုပ်ရင်း တဘက်မှာ လက်ဖြန့်ထားပြီး ဆင်နွှဲ‌နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဂျော့ခ်ျဝါရှင်တန်တို့ရဲ့ အမေရိကန်တော်လှန်ရေးလိုပဲ အောင်ပွဲဆင်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ်ကို တည်နိုင်မှာ မုချဧကန် ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013