DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူ ၃ ဦးကို ကရင်နီပူးပေါင်းတပ် ဖမ်းဆီး
DVB
·
May 18, 2022
ဒီးမော့ဆိုတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူ ၃ ဦးကို ကရင်နီပူးပေါင်းတပ် ဖမ်းဆီး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း အမှတ် ၁ ခရိုင်အတွင်း  မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေသူ ၃ ဦးကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 နဲ့ ကရင်နီ တပ်မတော် KA တို့ ပူးပေါင်းပြီး နေအိမ်မှာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

မေ ၁၆ ရက်နေ့ ည ၇ နာရီ အချိန်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာရှိတဲ့ အမှတ် ၁ ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူ ၃ ဦး ကို WY  စာတန်းပါ ဆေးပြား အလုံးရေ ၃၂၀၀ ခန့်၊ ငွေသား အနည်းငယ်နဲ့အတူ  ဖမ်းဆီးရမိခဲ့တာလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B09 မှ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးသူ ၃ ဦးနဲ့ သက်သေခံပစ္စည်းတွေကို တိကျမှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကရင်နီပြညေရဲဌာန KSP ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်‌တွေကို ဖျက်ဆီး‌မှုပြုလုပ်‌နေတဲ့ တရားမ၀င်မူးယစ်ဆေးဝါး ပို့ချဖြန့်ဖြူးနေသူအားလုံးကို နောက်နောင်လည်း ဖမ်းဆီးအရေးယူသွားမဘ်လို့ KNDF-B09 က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013