DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် မီတာခမပေးသည့်အိမ်များကို စစ်တပ်က သေနတ်ထောက်ခြိမ်းခြောက်၊ မီတာပုံးများ အဓမ္မဖြုတ်သိမ်း
DVB
·
May 17, 2022
ဗန်းမော်တွင် မီတာခမပေးသည့်အိမ်များကို စစ်တပ်က သေနတ်ထောက်ခြိမ်းခြောက်၊ မီတာပုံးများ အဓမ္မဖြုတ်သိမ်း
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်မှာ မေ ၁၆ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့၀င်တွေ၊ ရဲတွေနဲ့ လျှပ်စစ်မီတာရုံး ဝန်ထမ်းတွေက အင်အား ၅၀  လောက်နဲ့ တအိမ်တက်ဆင်း မီတာခ ကောက်ခံတာ၊ မီတာတွေအဓမ္မဖြုတ်သိမ်းတာတွေနဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မျက်မြင် ဒေသခံတယောက်က “ကျနော်တို့ရပ်ကွက်ထဲမှာ အင်အားအလုံးအရင်းနဲ့၀င်လာပြီး ရေရှင်ကျောင်းတဝိုက်နား အိမ်တွေ တော်တော်များများ မီတာဖြုတ်ခံရတယ်။ မီတာခမပေးဆောင်တဲ့ အိမ်တွေကို သေနတ်ထောက် ခြိမ်းခြောက်တာတွေအထိ လုပ်ပြီး တောင်းနေကြတာ” လို့ ဆိုပါတယ်။

ခွန်သာရပ်ကွက် အရှေ့ခြမ်းတလျှောက်က နေအိမ်တွေမှာ မီတာတွေ အဓမ္မဖြုတ်သိမ်းခံရတာဖြစ်ပြီး ပြည်သူ အများစုမှာမီတာအခွန်ကို စစ်ကောင်စီလက်အောက်မှာ မဆောင်ချင်ကြပေမဲ့ ခြိမ်း​ခြောက်ခံရမှုတွေကြောင့် နီးရာဓား ကြောက်ရတာမို့ သွားဆောင်လိုက်ရတယ် လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ခွန်သာရပ်ကွက်အတွင်း မီတာခ အတင်းအဓမ္မကောက်ခံတဲ့ သတင်းတွေကြောင့် ဗန်းမော်မြို့နယ် လျှပ်စစ်မီတာရုံးဝင်းအတွင်းမှာ မီတာခပေးဆောင်တဲ့ ပြည်သူတွေ များပြားလာတယ်လို့လည်း မြို့ခံတွေဆီကနေ သိရှိရပါတယ်။

ခွန်သာရပ်ကွက်မှာ အာဏာသိမ်းစစ်အစိုးရကို တော်လှန်ရေးကာလအတွင်း ရွပ်ရွပ်ချွံချွံ ခုခံဆန္ဒပြခဲ့မှုမှာ စံပြဖြစ်ခဲ့တာကြောင့် ဒီလိုအချိန်ကာလမျိုးမှာ ပိုဖိနှိပ်တာဖြစ်နိုင်တယ်လို့ ဗန်းမော်မြို့ခံ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

လျှပ်စစ်မီတာတာရုံးမှာ မီတာခဆောင်သူတွေများပြားတာကြောင့် အဲဒီရုံးရှေ့မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်ကလည်း  မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013