DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်တွင် ‘ထိပေ့သျှင်’ တော်လှန်ရေးစာစောင် ထုတ်ဝေဖြန်ချိ
DVB
·
May 17, 2022
ဒီပဲယင်းမြို့နယ်တွင် ‘ထိပေ့သျှင်’ တော်လှန်ရေးစာစောင် ထုတ်ဝေဖြန်ချိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ မတရားလုပ်ဆောင်တာတွေကို ပြည်သူလူထုသိရနိုင်ဖို့  ‘ထိပေ့သျှင်’ တော်လှန်ရေးစာစောင် ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစာစောင်ကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်နေ့က စတင်ထုတ်ဝေခဲ့တာလို့ ထုတ်ဝေသူတွေက ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် မတ် ၄ ရက်နေ့ကနေ စတင်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တယ်ဗျ။ အဲလို ဖြတ်တောက်ခဲ့တာကြောင့် ပြည်သူတွေ သတင်းအချက်အလက်တွေ ပြတ်တောက်သွားခဲ့တယ်။ အဲဒါကို အခွင့်ရေးယူပြီး စစ်ကောင်စီက ကျနော်တို့ဒေသခံတွေကို ရက်ရက်ဆက်ဆက်သတ်ပစ်တာတွေ၊ နေအိမ်တွေကို မီးရှို့တာတွေ၊ အမျိုးသမီးတွေကို အတင်းအဓမ္မစော်ကားတာတွေ လုပ်ဆောင်တယ်။ ဒါတွေ သတင်းအချက်လက် ဖြတ်တောက်ထားတော့ ပြည်သူတွေက မသိရဘူး။ ဒါတွေကိုသိဖို့ရာ ရည်ရွယ်ချက်နဲ့ ဒီစာစောင် ဖြန့်ဝေတာကို‌ မတ် ၂၅ ရက်နေ့မှာ စတင်ခဲ့တယ်ဗျ။ အဓိက ကျနော်တို့ ဒီပဲယင်းနယ်က ကျေးရွာ ပြည်သူလူထုနဲ့ တော်လှန်ရေး ရဲဘော်တွေကို အခမဲ့ဖြန်ဝေပေးနေတာ” လို့ စာစောင်ထုတ်ဝေသူ အဖွဲ့စည်းရဲ့ တာဝန်ခံအယ်ဒီတာတဦးက ပြောပါတယ်။

‘ထိပေ့သျှင်’ စာစောင်ကို တော်လှန်ရေး မပြီးမချင်း ဖြန့်ဝေပေးသွားမှာဖြစ်ပြီး စာစဥ်ကို အပတ်စဥ်သောကြာနေ့တိုင်း မြေပြင်မှာ ထုတ်ဝေဖြန့်ချိနေတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းဒေသခံပြည်သူတဦးက “ဒီစာစောင်ကို ဖတ်လိုက်ရလို့ အသိပညာတွေ၊ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကို သိရတယ်။ အရင်က အင်တာနက်လိုင်းတွေရှိတော့ ဖုန်းလေးဖွင့်ပြီး သတင်းကြည့်ရတယ်၊ အခုဒီကောင်တွေက အင်တာနက်တွေ ဖြတ်တောက်တော့ ကြည့်မရတော့ဘူး။ နောက်ပြီးသတင်းဌာနတွေက သတင်းတွေကြည့်လို်ရမယ့် စလောင်းတွေလည်း တပ်ရင်ဖမ်းတယ်။ သူတို့ စစ်ကြောင်းထိုးတာနဲ့ ကြုံရင် စလောင်းတွေ အကုန်ရိုက်ချိုး ဖျက်ဆီးတာတွေလည်း လုပ်တယ်။ ပိုင်ရှင်မိရင်တော့ စလောင်းတပ်ရမလားဆိုပြီး ရိုက်နက် အပြစ်ပေးတာတွေလည်း ခံရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူအချို့က စလောင်းမတပ်ရဲကြတော့ဘူး။ သူတို့ဝါဒဖြန့်တဲ့ မြဝတီတို့၊ မြန်မာအသံတို့ပဲ ကြည့်ရမယ့်အဖြစ်ကို ရောက်လာတယ်။ ဒါပေမဲ့ သူတို့သတင်းဌာနကို ဘယ်ပြည်သူကမှ အယုံကြည်မရှိသလို ကြည့်လည်း မကြည့်ကြဘူး။ အခုလို ဘက်မလိုက်တဲ့ ဒေသတွင်း စာစောင်လေးပေါ်လာတော့ ကိုယ်တွေအတွက် အဖိုးဖြတ်မရတဲ့ စာစောင်လို့တောင် ပြောလို့ရတယ်” လို့ ပြောပါတယ်။

အခုစာစောင်ဟာ ဒေသတွင်း ဖြစ်ပျက်နေတဲ့ တပတ်အတွင်း သတင်းတွေကို ရေးသားဖြန့်ဝေတာဖြစ်ပြီး အထူးသဖြင့် စစ်ကောင်စီရဲ့ ပြည်သူအပေါ် မတရားပြုလုပ်တာတွေကို ရေးသားဖော်ပြပေးတဲ့ စာစောင်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013