DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သား ၂ ရက်အတွင်း ၃၀၀ ခန့် ဖမ်းဆီးခံရ
DVB
·
May 16, 2022
ထိုင်းသို့ တရားမဝင် ဝင်လာသည့် မြန်မာလုပ်သား ၂ ရက်အတွင်း ၃၀၀ ခန့် ဖမ်းဆီးခံရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်လို ဖမ်းဆီးခံနေရတာမှာ ပြီးခဲ့တဲ့ ၂ ရက်တည်းမှာတင် အယောက် ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။ 

မေလ ၁၅ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ အုမ်းကွယ်မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၄၅ ဦးကို တောထဲမှာပုန်းအောင်းနေစဉ် ဖမ်းဆီးရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒေသထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့ အတွက် တာဝန်ရှိသူတွေက ကင်းလှည့်စစ်ဆေးစဉ် ယန်းပျိန်းအုပ်စု နားခလိုက်ကျေးရွာအနီး တောစပ်မှာရပ်ထားတဲ့ မသင်္ကာတဲ့ ဟိုင်းလပ်ကား ၃ စီးကို စစ်ဆေးတွေ့ခဲ့သလို အနီးနားတောထဲမှာလည်း တရားမဝင် မြန်မာနိုင်ငံသား  အမျိုးသား ၂၄ ယောက်  ၊  အမျိုးသမီး  ၂၁ ယောက် စုစုပေါင်း  ၄၅ ယောက် တို့ကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သူတို့ဟာ မြန်မာပြည် လှိုင်းဘွဲ့မြို့နယ်ကဖြစ်ပြီး မြဝတီ- ပဲကောင်လမ်းဘက် ကနေ ဝင်လာကြောင်း ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၂၃၀၀၀ ထိ ပေးရတယ်လို့ ဆိုပါတယ်။ 

ယာဉ်မောင်း ၃ ဦးမှာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး တယောက်က  ဖာ့ကာ့ချေရွာသူကြီးရဲ့ လက်ထောက်ဖြစ်နေကြောင်း၊ သူတို့ဟာ တရားမဝင်အလုပ်သမားတွေ တင်လာကြောင်း ဝန်ခံပြီး လမ်းခုလတ်မှာ ခေါင်းဆောင်ဆိုသူက အရှေ့မှာ စစ်ဆေးရေးဂိတ်ရှိတယ်လို့ အကြောင်းကြားလာလို့ ရှေ့ဆက်မသွားဘဲ တောထဲမှာ ပုန်းအောင်းနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

မေ ၁၅  တနေ့တည်းမှာပဲ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်နဲ့ ဖုပ်ဖရမြို့နယ်ထဲမှာ တရားမဝင်မြန်မာ ၁၀၇ ဦး အဖမ်းခံခဲ့ရပါတယ်။

၃၇ ဦးကို  မဲဆောက်မြို့နယ် မယ်ပရပ်ကွက် ခွန်းဝမ်ဆိုင်အနောက်က အိမ်တအိမ်မှာ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ အိမ်ထဲမှာပဲ နိုင်လင်းဆိုသူ အမျိုးသား ၁ ယောက်ထံက ပစ္စတို ၂ လက်နဲ့ ကျည်ဆန် ၈ တောင့် ၊ အဲဒီအိမ်မှာ ရပ်ထားတဲ့  တရားမဝင်သူတွေ တင်ဆောင်လာတဲ့ ကား ၃ စီး နဲ့ လိုင်စင်မဲ့ ဆိုင်ကယ် ၃ စီးကို ဖမ်းမိတယ်လို့ ဆိုပါတယ်။

သူတို့ ၃၇ ယောက်ဟာ ဘန်ကောက်နဲ့အ တခြားဒေသမှာ အလုပ်သွားလုပ်ဖို့ အဲဒီအိမ်မှာ ခေတ္တလာနားစဉ် ဖမ်းဆီးခံလိုက်ရတာပါ။ 

အလားတူ ဖုပ်ဖရမြို့နယ် ဆီရီရတ်ဆဒွန်းအုပ်စု မယ်လမော့ရွာအနီးမှာ တရားမဝင် မြန်မာ ၇၀ အယောက် အဖမ်းခံခဲ့ရပါတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ၁၄ ရက် ကတော့ ထိုင်းအနောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင် မိုင်းမြို့နယ် ကော်လတ်အုပ်စု ထုန့်ခလိတ်ကျေးရွာအနီးတောထဲမှာ ခရီးပန်းလို့ အိပ်စက်အနားယူနေတဲ့ မြန်မာ ၁၁၂ ဦး တို့ကို ဖမ်းဆီးရမိကြောင်း၊ သူတို့ဟာလည်း ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ ထိ ပေးပြီး ဝင်ရောက်လာတာလို့  ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီတနေ့တည်းမှာ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းအုပ်စု ဖာမီကျေးရွာနားမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး မောင်းနှင်လာတဲ့ ကား ၂ စီးပေါ်ကနေ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၃ ဦး နဲ့ ကလေးငယ် ၄ ဦး စုစုပေါင်း ၂၇ ဦးကို ဖမ်းမိကြောင်း ၊ သူတို့ကတော့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံကနေလာတာလို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013