Home
သတင်းဓာတ်ပုံ
ကလေးမြို့တွင်းတနေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 16, 2022
281420219_526927939075880_2371285008316772022_n
281237918_526929465742394_6910011577754117941_n
280692455_526929619075712_1933629181668993352_n
280673685_526928349075839_5335938762401467679_n
280580857_526929549075719_6443961050377651540_n
280392709_526929519075722_1556735338254702529_n

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေလ ၁၆ ရက်နေ့က ကလေးမြို့ပင်မသပိတ်အင်အားစု သပိတ်အဖွဲ့ဝင်‌တွေ စု‌ပေါင်းပြီး မြို့တွင်းတနေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီ သပိတ်အဖွဲ့ဝင်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ရိုက်ထုဖျက်ဆီးတဲ့ကြားကနေ အခက်အခဲအမျိုးမျိုး‌နဲ့ နေအိမ်စွန့်ခွာပြီး လုပ်ဆောင်နေကြရတာပါ။

ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်တဲ့ သပိတ်ကော်မတီဝင်တဦးက “စစ်ကောင်စီက တော်လှန်ရေးမှာ ပါဝင်တဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေအပေါ် ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း၊ မိဘပြည်သူတွေအနေနဲ့ ဂရုစိုက်နေထိုင်ကြဖို့နဲ့ မိဘပြည်သူတွေအနေနဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေနဲ့ ပူးပေါင်းပါဝင်ပြီး လှူဒါန်းပေးကြဖို့” ဟောပြောခဲ့ပါတယ်။

ကလေးမြို့ပင်မသပိတ်အင်အားစုဟာ “ပြည်သူအထက်မှာ ဘယ်သူမှမရှိစေရ၊ အာဏာရှင်စနစ်အောက်မှာအသက်ရှင်မဲ့အစား အသက်နဲ့ရင်းပြီးတော်လှန်နေမယ်" စတဲ့ စာတန်းတွေ ကိုင်ဆွဲကေ လူအင်အားအများအပြားနဲ့ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်နေတာ ဒီနေ့နဲ့ဆို ရက်ပေါင်း ၄၆၃ ရက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ ​ခေတ်အဆက်ဆကေ ဖိနှိပ်ချုပ်ချယ်မှုတွေ အပြီးတိုင်ချုပ်ငြိမ်းသွားစေဖို့ မိဘပြည်သူတွေအနေနဲ့ ငြိမ်ခံမနေဘဲ လမ်းမပေါ် တက်ကာ အလံနဲ့အသံကြားရာအရပ်ကနေ သပိတ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ လေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တွေက တိုက်တွန်းလိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024