DVB Logo
Home
မြန်မာသတင်း
လက်ယက်မရွာအားမီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
DVB
·
May 16, 2022
လက်ယက်မရွာအားမီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မကျေးရွာကို မီးရှို့ပြီး တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF က ပြောပါတယ်။

“လက်ယက်မ (စံပြ)ရွာက အိမ်ခြေ ၇၀၀ ကျော်လောက်ကို မီးရှို့ပြီး တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က ညနေ ၄ နာရီလောက်မှာ ကြည့်ကန်ရွာမြောက်ဘက်က တောတိုက်နားမှာ ကျနော်တို့ ဒေသကာကွယ်ရေးတပ်ပေါင်းစုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဗျ။ စစ်(...) တွေဘက်က ၇ ယောက်လောက်သေပြီး အများအပြား ဒဏ်ရာရရှိသွားတယ်” လို့ မြိုင် PDF တပ်ရင်း ၂ ရဲ့ ဒုတပ်ရင်းမှူး ဗိုလ် Cross က ဒီဗွီဘီကို ပြောပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူတယောက်တော့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ကျည်ထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ကထိ ပိတောက်ကန်ရွာမှာ စခန်းချပြီး နေအိမ်တလုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဗိုလ် Crossက ပြောပါတယ်။

အဲဒီတိုက်ပွဲကို ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ မြိုင်၊ MVRF၊ မြိုင် PDF၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ PUGF၊ ကိုခိုင်လေးလက်နက်ကြီးတပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ PKU N PDF၊ YSO N PDF၊ YSO S PDF၊EPDF နဲ့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲ ဧရိယာအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေကို ဘေးကင်းတဲနေရာကို ပို့ဆောင်ပေးပြီး နေထိုင်စားသောက်ဖို့ စီစဥ်ပေးထားကာ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

ကိုင်းတောမ-ကမ္မကားလမ်းပေါ်မှာလည်း မနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ရိက္ခာတင်ကားတစီးကို မြိုင် PDF နဲ့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာ က ပြောပါတယ်။

“စစ်ကောင်စီတပ်သား ၁၀ ယောက်နဲ့ ပျူစောထီး ၃ ယောက် ကမ္မမြို့ဘက်ကနေ ကိုင်းတောမဘက်ကို လက်မယ်လို့ သတင်းကြိုရလို့ မနေ့က မွန်းလွဲ ၂ နာရီခွဲလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဗျ။ ဝက်ပုတ်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ပျူစောထီးအားလုံး သေဆုံးခဲ့တယ်ဗျ။ စစ်(...)ကတော့ တယောက်သ‌ေပြီး ၄ ယောက် ဒဏ်ရာရရှိသွားတယ်။” 

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို စစ်ကောင်စီဘက်က ၁၁ ယောက်လောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် PDFရဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပေးမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ လက်နက်​ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေမီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၁၃၁ လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို Data For Myanmar က မေလ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013