DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စခန်းမှူး CDM ရဲဘော် ၁ ဦး ညောင်ရွှေတိုက်ပွဲတွင် ကျဆုံး
DVB
·
May 16, 2022
ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စခန်းမှူး CDM ရဲဘော် ၁ ဦး ညောင်ရွှေတိုက်ပွဲတွင် ကျဆုံး
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဒေသ  ၃ ၊ ၁၀၀၈ တပ်ရင်းမှ စခန်းမှူး CDM ရဲဘော် ချစ်ကောင်းဟာ မေလ ၁၅ ရက်က  ညောင်ရွှေမြို့နယ် ထီရိ ၊ ဆောင်နန်းခဲဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရင်း ကျဆုံးသွားတယ်လို့  သူ့ရဲ့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 

“သတင်းကောင်းတွေရှိပေမယ့် သတင်းဆိုးကို အရင်ထုတ်ပြန်ပါရစေ။ ကျနော်တို့ရဲ့ ၁၀၀၈ တပ်ရင်း စခန်းမှူး ရဲဘော်ချစ်ကောင်း CDM  ဟာ စစ်ကောင်စီကို ခုခံရင်းကျဆုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းစွာဖြင့်ထုတ်ပြန်လိုက်ရပါတယ်။ ကျဆုံးသွားသော ရဲဘော်ချစ်ကောင်းအား မိမိတို့ (၁၀၀၈) တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုအပ်ပါတယ်” လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ချက်မှာ ချက်မှာဖော်ပြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစု ၅ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းထားတဲ့ ရှမ်းတောင် တော်‌လှန်ရေးလူငယ်များအဖွဲ့(SSRY) တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ ၃ ၊ ၁၀၀၈ တပ်ရင်းအဖြစ် တရားဝင် တာဝန်ထမ်း ဆောင်ခွင့်ရပြီဖြစ်တယ်လို့ ၁၀၀၈ တပ်ရင်းက မေလ ၁၄ ရက် ညပိုင်းမှာ ကြေညာထားတာပါ။ 

ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့  SSRY တပ်ရင်းကို  ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ SSRY Eagle Force ၊ Dragon Force၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force အဖွဲ့တို့နဲ့  ပြီးခဲ့တဲ့  ဧပြီ  ၂၁ ရက်က  စုစည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013