DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
May 15, 2022
ရေစကြိုမြို့တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့ စိုက်ပျိုးရေးရုံးနဲ့ ဆက်သွယ်ရေးရုံနားမှာ မေလ ၁၄ ရက်နေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်ကို မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့ရာမှာ ၈ ယောက်လောက် သေဆုံးခဲ့တယ်လို့ ရေစကြို PDF က ပြောပါတယ်။

“ပထမ ၂ လုံးက ၂လုံးစလုံးကွဲပြီး စစ်စီတပ်သား ၅ ယောက်ရှိတဲ့ အနက် ၄ ယောက်မှောက်သွားတယ်။ နောက်ထပ် ဒုတိယမြောက် ၂ လုံးထပ်ခွဲတော မိုင်းတလုံးပဲကွဲပြီး အနားမှာ ၄ ယောက်ရှိတဲ့ အနက် ၄ ယောက်စလုံး မှောက်လဲသွားတာ တွေ့ရတယ်” လို့ ရေစကြို PDF တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက  ပြောပါတယ်။

စစ်ကောင်စီတပ်သား ၉ ယောက်ရှိတဲ့အနက် တယောက်သာ ထနိုင်ပြီး အလောင်း ၈ လောင်းကို လူနာတင်ကားနဲ့ လာသယ်သွားကြတယ်လို့ ဆိုပါတယ်။

“ရေစကြို မြို့အဝင်မှာ မနေ့က မနက်ပိုင်းက ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်ဗျ။ စစ် (-) တွေက မြို့ဝင် မြို့ထွက်ဂိတ်မှာ ပိတ်ဆို့စစ်ဆေးပြီး ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ လုပ်ဆောင်နေတာ။ ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကြားတယ်။ပြည်သူတွေကို မတရားဖမ်းဆီးပြီး အမျိုးမျိုးဒုက္ခပေးနေတဲ့ကောင်တွေ ခံရတာနည်းတောင်နည်းသေးတယ်” လို့ ရေစကြိုမြို့ ခံတယောက်က ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေဟာ တင်းတင်းကြပ်ကြပ် ပိတ်ဆို့စစ်ဆေးနေပြီး မေလ ပထမအပတ်နဲ့ ဒုယအပတ်တွေမှာ အပြစ်မဲ့ ပြည်သူ ၃၀ ကျော် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ မေ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း ရေလယ်ကျွန်းဒေသမင်းရွာကနေ မနက်အစောပိုင်းက ထွက်လာပြီး ကိုင်းရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသလို မိုးပြို၊ မိုးကွဲ ဘက်က ပြည်သူတွေရဲ့ နေအိမ်တွေကို မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ ဗိုလ်မှိုင်းတေဇက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကိုင်းကျေးရွာမှာ ရေစကြို PDF က ရဲဘော်တွေ မီးလောင်ပြင်ကို သွားရောက်ပြီ ဝိုင်းဝန်းငြိမ်းသတ်ပေးနေသလို ပြည်သူတွေကိုလည်း ဘေးလွတ်ရာနေရာတွေကို ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်သားတွေနဲ့ ရင်ဆိုင်တိုက်ပွဲဆင်နွဲတဲ့အခါ လက်နက်ကြီးအင်အား မလုံလောက်ဘူးဗျ။ ပထဝီအနေထားအရ မြေပြန့်ဖြစ်နေတော့ ကျနော်တို့အတွက်ရော သူတို့ အတွက်ပါ ဘာအကာကွယ်မှ မရှိတဲ့ အနေထားဆိုတော့ လက်နက်ကြီးရှိတဲ့ဘက်က အားသားတာ။ ကျနော်တို‌ေအနေနဲ့က RPG လိုဟာမျိုးတွေ၊ ၄၀ တွေလို ဟာမျိုးတွေ များများလိုအပ်ပေမယ့်လည်း ရန်ပုံငွေ အခက်ခဲကြောင့်နိုင်ခြင်းမရှိဘူး။ မြန်မာပြည်အလယ်ပိုင်က ကိုယ့်မြို့အနေနဲ့ သယံဇာတလည်း မထွက်တဲ့ အခါကျတော့ ရန်ပုံငွေရဖို့ ခက်ခဲတယ်။ ကိုယ်ဒေသခံတွေဆီက တစ်သောင်းလှူ ငါးထောင်လှူတဲ့ ဟာလေးတွေစုဆောင်းပြီးမှ လက်နက်ခဲယမ်းဖြည့်တင်းရတာ။ လက်နက်ခဲယမ်း သယ်ယူရေးလမ်းကြောင်းလည်း ခက်ခဲသလို ဝယ်ယူရတဲ့ အခါမှာလည်း စျေးကြီးကြီးပေးပြီး ဝယ်ယူနေရတယ်” လို့ ဗိုလ်မှိုင်းတေဇက  ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၈ ယောက်‌ သေဆုံးတယ်လို့ ရေစကြို PDF ပြောဆိုချက်နဲ့ပတ်သက်ပြီး  ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013